ရန်ကုန်၊ အောက်တိုဘာ ၂၁

(ဓာတ်ပုံ- Good news travels မှ မြောက်ဦးတွင် ရိုက်ကူထားသော ပုံ ဖြစ်ပါသည်။ အင်တာနက်မှ ကူးယူ ဖော်ပြပါသည်။)
ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် အလုပ်လက်မဲ့ ရာခိုင်နှုန်း အများဆုံး ပြည်နယ် တစ်ခု ဖြစ်ကြောင်း ယနေ့ထုတ် Daily Eleven ( News In Brief) သတင်းစာတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် အတွင်း အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား အလုပ်လက်မဲ့ ၁၀ ဒသမ ၄ ရာခိုင်နှုန်း အထိရှိပြီး အလုပ်လက်မဲ့ရာခိုင်နှုန်း အများဆုံး ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။
၂၀၁၄ လူဦးရေနှင့် သန်းခေါင်းစာရင်း ကောက်ယူခြင်းများအရ ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၃၁၈၈၈၀၀ ( သုံးသန်း တစ်သိန်း ရှစ်သောင်း ရှစ်ထောင် ရှစ်ရာ) ကျော်ရှိသည်ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးခင်စိုးကို ကိုးကား ဖော်ပြသည်။
၎င်းပြင် အမျိုးသမီး ဦးရေမှာ အမျိုးသားဦးရေထက် ပိုများကြောင်း ဆိုသည်။
______Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။