ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်၍ မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာနိုင်

ဘင်္ဂလားပင်လယ်အော် အတွင်း လေထုမတည်မငြိမ် ဖြစ် နေမှု အားကောင်းလာကာ မုန် တိုင်းအဆင့်ဖြစ်လာနိုင်ပြီး မြန်မာ နိုင်ငံဒေသအများစုတွင် မိုးဆက်လက်ရွာနေနိုင်သည်ဟု ဒေါက် တာထွန်းလွင်က သတိပေးထားသည်။

အနောက်တောင် မုတ်သုံ လေ မြန်မာနိုင်ငံမှ အပြီးသတ် ဆုတ်ခွာသွားပြီးနောက် မြန်မာ နိုင်ငံဒေသအများစုတွင် လေထု မတည်မငြိမ်ဖြစ်ကာ နေရာကွက် ၍ လေပြင်းကျခြင်းနှင့် မိုးရွာခြင်း များ ဖြစ်ပေါ်ခဲ့သည်။ အောက်တို ဘာ ၆ ရက် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် လေ ထု မတည်မငြိမ် ဖြစ်နေမှု အား ကောင်းလာကာ မုန်တိုင်းအဆင့် ဖြစ်လာနိုင်ခြေ ၁၂ ရာခိုင်နှုန်းအ ထိ ရှိနေသည်ဟု ဒေါက်တာထွန်း လွင်က ပြောသည်။

 မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧရာဝတီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ထပ်မံ မိုးဆက်လက်ကောင်းနေဦးမည် ဟု သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများဖြစ် သော မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလေတိုက်နှုန်း ၃၅ မိုင် ခန့်အထိ တိုက်ခတ်နိုင်သည့် မိုး သက်လေပြင်းများ ကျရောက်နိုင် သည်ဟု မိုး/ဇလ ဒုတိယ ညွှန် ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။