
ရန်ကုန်၊ အောက်တိုဘာ ၁၈
ရန် ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မှ နံနက်ပိုင်းတွင်ဖွင့်လှစ်မည့် အချိန် ပိုင်းနှင့်အချိန်ပြည့် ပထမနှစ်ဒီပလို မာသင်တန်းများအတွက် လျှောက် လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္က သိုလ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ် အတွက် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ပြီး တက္ကသိုလ် မှ ဘွဲ့တစ်ခုခုရရှိထားသူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း သင်တန်း ဝင်ခွင့်လျှောက်လွှာများကို ယခု နှစ် နိုဝင်ဘာလ ၂ ရက် မှ ၁၃ ရက် အထိ တင်သွင်းရမည်ဖြစ်ကြောင်း၊ လျှောက်ထားသောသူများကို နိုင်ငံ ခြားဘာသာတက္ကသိုလ်မှ စစ်ဆေး သည့် ဝင်ခွင့်စာမေးပွဲအောင်မြင်မှ သာ သင်တန်းတက်ရောက်ခွင့်ရရှိ မည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၏ ထုတ်ပြန်ချက် အရ သိရသည်။
''ဝင်ခွင့်လျှောက်ထားတဲ့အ ချိန်မှာ ဝင်ခွင့်စာမေးပွဲဖြေမယ့် ရက် ကိုတစ်ခါတည်း ပြောပြပေးမှာ ဖြစ်ပါတယ်။ ဘာသာစကားသင်တန်း တွေအတွက် သင်တန်းတစ်ခုကို သင်တန်းသား ဘယ်လောက်ခေါ် မယ်ဆိုတာတော့ အတိအကျပြော လို့ မရသေးပါဘူး။ ဒီပလိုမာသင် တန်းမှာဆိုရင် တက်ရောက်တာများ တဲ့ သင်တန်းက အင်္ဂလိပ်စာပါပဲ။အင်္ဂလိပ်စာက ညနေပိုင်းသင်တန်း တွေမှာလဲ အများဆုံးတက်ရောက် နေတဲ့သင်တန်းဖြစ်ပါတယ်''ဟု ရန် ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဖွင့်လှစ်မည့်အချိန်ပြည့် သင်တန်းများမှာ အင်္ဂလိပ်ဘာသာ (၁ နှစ်သင်တန်း)၊ အီတာလျံဘာ သာ(၂ နှစ်သင်တန်း)၊ အထွေထွေ ဘာသာဗေဒ(၂ နှစ်သင်တန်း)တို့ ဖြစ်ပြီး အချိန်ပိုင်း(၄ နှစ်သင်တန်း) များမှာ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း ဘာသာတို့ဖြစ်ကြောင်း သိရသည်။
အချိန်ပြည့်သင်တန်းများဖြစ် သည့် အင်္ဂလိပ်ဘာသာသင်တန်း ကို နံနက် ၉ နာရီမှ ညနေ ၃ နာ ရီမိနစ် ၂၀ အထိ သင်ကြားမည်ဖြစ် ပြီး အီတာလျံဘာသာသင်တန်းကို နံနက် ၈ နာရီခွဲမှ ၁၂ နာရီအထိ သင်ကြားမည်ဖြစ်ကြောင်း၊ အချိန် ပိုင်းသင်တန်းများကို နေ့စဉ် နံနက် ရ နာရီမှ ၈ နာရီ ၃၀ မိနစ်ခွဲအထိ သင်ကြားမည်ဖြစ်ကြောင်း၊ သင် တန်းများအားလုံးကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သင်ကြားမည်ဟု ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။
အထွေထွေဘာသာဗေဒသင် တန်းကို လျှောက်ထားမည့်သူများသည် သင်တန်းဝင်ခွင့်အတွက် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ထား သူများဖြစ်ရန် လိုအပ်သော်လည်း ယင်းဘွဲ့မရရှိထားသူများအနေဖြင့် အဆိုပါဘာသာရပ်နှင့် ဆက်စပ် နေသော လုပ်ငန်းများတွင် လုပ် ကိုင်နေသူ (ဘာသာပြန်၊ စကား ပြန်လုပ်သူများ၊ ဘာသာစကားသင် ကြားသူများ၊ သတင်းမီဒီယာလုပ် ငန်းဆောင်ရွက်နေသူများ) ဖြစ်ပါ က လျှောက်ထားနိုင်ကြောင်း သိရသည်။
ATK
_____Democracytoday
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။