ရုရှားစစ်လေယာဉ်တွေဟာ ၂၄ နာရီအတွင်း ဆီးရီးယားနိုင်ငံထဲကို အကြိမ် ၂၀ လောက် ပျံသန်းခဲ့ပြီး အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ၁၀ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ကောင်းကင်ရုပ်ပုံတွေကိုလည်း ဖြန့်ချိပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းက မြို့နဲ့ အိဒလစ်ဘ်မြို့တောင်ဘက်က မြို့တို့ကို လေကြောင်းစစ်ဆင်ရေး လုပ်ခဲ့တာပါ။
အိုင်အက်စ်တွေရဲ့ ထိန်းချုပ်မှုစနစ်ကို နှောင့်ယှက်နိုင်ခဲ့တယ်၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို ဖျက်နိုင်ခဲ့တယ်၊ အကြမ်းဖက် လုပ်ရပ်တွေကို ပြင်ဆင်ရာမှာ သုံးတဲ့ အခြေခံ အဆောက်အဦတွေကို သိသိသာသာ ပျက်စီးစေခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
SU-34, SU-24M နဲ့ SU-25 စစ်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သင်တန်းစခန်းနဲ့ အသေခံခါးပတ်လုပ်စက်ရုံ အပါအဝင် အိဒလစ်ဘ်နဲ့ ရတ်ကာခရိုင်တွေက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
လက်နက်ခဲယမ်း သိုလှောင်ရုံ ၃ ခုနဲ့ အိုင်အက်စ်တွေရဲ့ အမိန့်ပေးဌာန ၄ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။
ဆီးရီးယားနိုင်ငံထဲမှာ အိုင်အက်စ်တွေ အင်အား လျော့နည်းလာအောင် ရုရှားက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က စပြီး စစ်ရေးစွက်ဖက်မှုတွေ လုပ်ခဲ့တာပါ။
နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေ တိုးလုပ်မယ်လို့ ရုရှားက ပြောခဲ့ပါတယ်။
အနောက်အင်အားကြီး နိုင်ငံတွေကတော့ ဒါဟာ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ကို ပံ့ပိုးဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
http://burmese.dvb.no/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။