အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ



၁။ ဥက္ကဋ္ဌ - ဦးထွန်းအောင်။

၂။ ပါတီဝင်အရေအတွက် - ၂,၉၀၂ ဦး။

၃။ မဲဆန္ဒနယ်- မိုင်းဆတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းခတ် စသည့်မြို့နယ်များနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်။

၎။ ပါတီမူဝါဒ- အာခါလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ်စားပြုရပ်တည်သွားမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်မယ်။

၅။ ပါတီဆောင်ပုဒ်- မိမိတစ်ဦးချင်း၌ရှိသော အရည်အချင်းများစုပေါင်း၍ မိမိအမျိုးဂုဏ်ကို မြှင့်တင်ကြစို့။ အာခါ ချေးခါ ထီခါမား (Ten Akha in one)။

၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပညာတတ်ပြီး အတွေ့အကြုံရှိသူများနှင့် ဒေသတွင်းဦးဆောင်အကျိုးပြုနေသူတွေကို ဦးစားပေးရွေးချယ်တယ်။

၇။ ပါတီရန်ပုံငွေ− စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ရပ်တည်သည်။

၈။ ပါတီနောက်ခံသမိုင်း- ပါတီတည်ထောင်ရန် အာခါလူမျိုးများ၏ ဆန္ဒကိုတောင်းခံခဲ့ပြီး သဘောတူညီသဖြင့် ၂၀၁၅ ဇွန်လ ၁၉ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်လျှောက် ထားခဲ့ပြီး ဇူလိုင် ၈ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။



ပါတီအတွင်းရေးမှူး ဦးအားလယ်နှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အာခါလူမျိုးများရသင့်ရထိုက်သည့် အခွင့်အရေးများရရှိမည့် ပြင် ဆင်ချက်မျိုးဖြစ်အောင် စွမ်းဆောင်မည်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆို အစွမ်းကုန်ထောက်ခံမယ်။ ကျွန် တော်တို့တွေ မဖွံ့ဖြိုးမတိုးတက်တာ ငြိမ်းချမ်းရေးမရှိလို့လေ။ ဒီကိစ္စနဲ့ ပတ်သက်ရင် လွှတ်တော်ထဲရောက်မှမဟုတ်ဘူး။ အပြင်မှာလည်း တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မှာပါ။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဒီကိစ္စက အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ဒေသအတွက်ဆိုရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကတစ်ဆင့် ဝင်ငွေတိုးတက်အောင် လုပ်ပေးမယ်။ ပညာပေးလုပ်ငန်းတွေလုပ်မယ်။ ဝင်ငွေတိုးလာမှ မျိုး ဆက်သစ်တွေကိုလည်း ပညာသင်ပေးနိုင်မှာဖြစ်တယ်။

ပြည်သူတွေက အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
အာခါပါတီကို မဲပေးသင့်တာပေါ့ဗျာ။ ကျွန်တော်တို့က ယဉ်ကျေး မှုအသင်းအနေနဲ့ အစကတည်းကဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူမျိုးဘာ သာမရွေးဆောင်ရွက်ပေးနေတာပဲလေ။ လွှတ်တော်ထဲရောက်တော့ ပိုလုပ်ပေးနိုင်တာပေါ့။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
နိုင်ငံကို ချစ်ရမယ်။ နိုင်ငံကို ဦးဆောင်နိုင်တဲ့အရည်အချင်းနဲ့ အတွေ့အကြုံရှိရမယ်။ ဒီလိုလူမျိုးကို သမ္မတလောင်းအဖြစ် ရွေးချယ် မှာပါ။

အတွင်းရေးမှူးကိုယ်ရေးအကျဉ်း

အသက်-(၄၈) နှစ်။

ပညာအရည်အချင်း - B.Sc (Chemistry)။

လက်ရှိအလုပ်အကိုင်- အရောင်းအဝယ်။

နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့။ ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် အာခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင် ရောက်ရွေးချယ်ခံခဲ့။ လက်ရှိတွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီအတွင်းရေးမှူးအဖြစ် ပါတီတည်ထောင်ချိန်မှ စတင်ထမ်းဆောင် လျက်ရှိ။

စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း။

ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၃/၁၀)၊ (၃)လမ်း၊ မယ် ခေါင်ရပ်၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ၀၉-၅၂၄၂၃၅၁။


http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။