အိုင်စီမျိုးဆက်သစ်တစ်ယောက် မိတ်ဆက်ခဲ့ပြန်တဲ့ ၀ိုင်ဝိုင်းတစ်ကိုယ်တော် ဖျော်ဖြေပွဲ



 အိုင်းရင်းခရော့စ်အဖွဲ့၏ မျိုးဆက်သစ်များကို မိနစ် ၉၀ တစ်ကိုယ်တော်ဖျော်ဖြေပွဲများတွင် မိတ်ဆက်ပေးနေပြီး  ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် လည်း ကီးဘုတ်ဗညား၏ သားဖြစ်သူကို ပရိသတ်နှင့် မိတ်ဆက်ပေး ခဲ့သည်။

အငဲ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှစတင်၍ အိုင်းရင်း ခရော့စ်အဖွဲ့မှ ဂီတသမားများ၏ မျိုးဆက်သစ်များကို စတင်မိတ် ဆက်ပေးခဲ့ပြီး ဒရမ်မာ ခရမ်း၏သား  မင်းသန့်ခိုင်ကို မိတ်ဆက်ပေးခဲ့သည်။မျိုးကြီး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် ဂစ်တာချစ်စမ်း မောင်၏ သမီးငဲငယ်ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပြီး ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ကီးဘုတ်ဗညား၏ သားဖြစ်သူ သော်ထွန်းနိုင်ကို မိတ်ဆက်ပေးခဲ့ ခြင်းဖြစ်သည်။

သော်ထွန်းနိုင်သည် ၎င်း၏ ပွဲအတွက် စင်ကာပူမှ ပြန်လာ၍ တီးခတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ၀ိုင်ဝိုင်းက ပရိသတ်များကို မိတ်ဆက်ပေးခဲ့ပြီး တစ်ကိုယ်တော်ကီးဘုတ်တီးဖျော်ဖြေခဲ့ကာ ကြိုးမဲ့စွန်သီချင်းကိုလည်း တီးခတ်ပေးခဲ့ သည်။

စတုတ္ထအကြိမ်ပြုလုပ်သည့် မိနစ် ၉၀ ဖျော်ဖြေပွဲတွင် ၀ိုင်ဝိုင်း က ၎င်း၏ အောင်မြင်ခဲ့သော သီချင်းများမှ ၁၆ ပုဒ်ကို ပရိသတ်နှင့် အတွဲ ညီညီသီဆိုဖျော်ဖြေခဲ့ သည်။ အချို့သီချင်းများကို ပရိ သတ်များနှင့်  တစ်လှည့်သီဆို ခဲ့ပြီး  ဂျူးလီးယက်သီချင်းကိုမူ ပါဖောမန့်နှင့်  ဖျော်ဖြေပေးခဲ့ သည်။

မိနစ် ၉၀ ဖျော်ဖြေပွဲကျင်းပ ခြင်းကို ပြီးခဲ့သည့် မေလမှစတင် ၍ လေးဖြူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြင့် စတင်ခဲ့ပြီး အငဲ၊မျိုးကြီးတို့၏ တစ်ကိုယ်တော်ဖျော် ဖြေပွဲများကို တစ်လလျှင် တစ်ပွဲဆက်တိုက်ပြုလုပ်ခဲ့သည်။ ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေ ပွဲကို သြဂုတ် ၂၃ ရက်တွင် ပြုလုပ် ရန် စီစဉ်ခဲ့ခြင်းဖြစ် သော်လည်း ရေဘေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲ များကြောင့် အောက်တိုဘာ ၂ ရက်သို့ ပြောင်း၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာမှစတင်၍ လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို တစ် လလျှင် တစ်ပွဲဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။