နောက်အိမ်ထောင်ပြုသော အမျိုးသားကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

တရားဝင်လက်ထပ်ထား သော ဇနီးရှိသော်လည်း နောက် အိမ်ထောင်ပြုသော အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာဥပဒေဖြင့် ပေါင်း တလည်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

‘‘တရားဝင်လက်ထပ်ပေါင်း သင်းထားတဲ့ မိန်းမက လာတိုင် တယ်။ တရားဝင်မိန်းမ ရှိပါလျက် တရားဝင်ကွားရှင်းပြတ်စဲခြင်းမရှိ ဘဲ နောက်ထပ်မိန်းမ ထပ်မံယူ ခြင်းကို ကျူးလွန်ခဲ့တာကြောင့် တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နဲ့ အမှုဖွင့်အရေးယူထားပါတယ်’’ ဟု ပေါင်းတလည်နယ်မြေရဲစခန်း မှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်မြို့နယ် ပေါင်းတလည်မြို့ မြောင်းဆုံကျေးရွာနေ အ သက်(၂၁)နှစ်အရွယ် အမျိုးသမီး သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဘွေးကုန်းကျေးရွာနေ အမျိုးသား နှင့် ပေါင်းသင်းနေထိုင်ခဲ့ပြီး အ သက်(၁)နှစ်အရွယ် သမီးတစ်ဦး  ရရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာမှ စတင်ကာ အမျိုးသားသည် အ လုပ်လုပ်ရန် အကြောင်းပြပြီး ခရီးထွက်သွားရာမှ နေအိမ်သို့ ပြန် မလာတော့ဘဲ ပြည်မြို့ အရှေ့ပေါက်တောကျေးရွာနေ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးနှင့် ပြည်မြို့ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ ၁၅ ရက်က နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီး အကြင်လင်မယားအဖြစ် ထပ်မံပေါင်းသင်းနေထိုင်ခဲ့သည်ဟု ဆိုသည်။

တစ်လင်တစ်မယားကျင့် သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ တွင် မည်သူမျှ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ကိုးကွယ်သည့်ဘာ သာ အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည် ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ (သို့မဟုတ်) လင်မယားအဖြစ် တရားဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ၊ မည်သူမဆို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရ မည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ဖော်ပြထားသည်။

တရားဝင်ကွာရှင်းပြတ်စဲ ခြင်းမရှိဘဲ အခြားအမျိုးသမီးတစ် ဦးကို အကြင်လင်မယားအဖြစ် ထပ်မံပေါင်းသင်းနေထိုင်သော အမျိုးသားကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အောက်တိုဘာ ၂ ရက်တွင် ပေါင်းတလည်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဥပဒေကို ယခုနှစ် ဩဂုတ် ၃၁ ရက်တွင် ပြည်ထောင် စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး အခန်း (၆)ခန်း၌ ဥပဒေ ပုဒ်မ ၂၀ ခုပါဝင်ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။