နယ်စပ် တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် စစ်သား ၂ ဦးဒဏ်ရာရ၊ ကျေးရွာပြည်သူ့စစ်တစ်ဦးသေဆုံး

မောင်အေး
ရန်ကုန်၊ အောက်တိုဘာ ၁၉



မြန်မာ- အိန္ဒိယ- ဘင်္ဂလာဒေ့ရှ် နယ်စပ် အနီးရှိ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမာတီခရိုင်တွင် အောက်တိုဘာလ ၁၈ရက်နေ့ က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တစ်ခုအတွင်း ဘင်္ဂလာဒေ့ရှ် ကျေးရွာပြည်သူ့စစ် တစ်ဦးသေဆုံးပြီး ဘင်္ဂလာစစ်သား ၂ ဦးနှင့် ကျေးရွာ ကာကွယ်ရေးတပ်သား တစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုမှာ မြန်မာ- အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်နှင့် နယ်စပ်ဒေသ တစ်ခု ဖြစ်သည့်ရုံမော်မြို့နယ် ဘော်ရော် ထော်လီ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့
ခြင်းဖြစ် သည်ဟု ရုံမော်ရဲစခန်းမှ အရာရှိဖြစ်သူ ရှော်ရီဖူလ် အစ္စလာမ် မှပြောကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ဖော်ပြသည်။

သေဆုံးသွားသူမှာ မြိအမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူ စစ်သားများကို စစ်ရဟတ်ယာဉ်ဖြင့် စစ်တကောင်းစစ်ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများက ပြောကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာ စစ်တပ်နှင့်တိုက်ခိုက်မှုဖြစ်ပွားသည့် အဖွဲ့မှာ မည်သည့် အဖွဲ့ဆိုသည်ကို သတင်းများတွင် ဖော်ပြခြင်း မရှိသေးပေ။

ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဒါကာမြို့မှ ရန်ချောင်းသို့ လာရောက် လည်ပတ်သည့် ဘင်္ဂလီ ၂ ဦးကို ဖမ်းဆီးသွားသည့်နေရာ အနီးတွင်ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ဘင်္ဂလီ ၂ ဦးနှင့် လမ်းပြဖြစ်သူ ၂ ဦးမှာလည်း ယခုအချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် ကြာသပတေး (အောက်တိုဘာလ ၁၅) ရက်နေ့ကလည်း ယခုပစ်ခတ်မှု ဖြစ်ပွားရာအနီး လက်နက်ကိုင်စခန်းတခုကို ဘင်္ဂလာစစ် တပ်မှဝင်စီးစဉ် လက်နက်တစ်လက်အပါအ၀င် ကျဉ်ဆန်များ၊ ယူနီဖောင်းနှင့် တခြားစစ်အသုံးအဆောင် ပစ္စည်း များကို သိမ်းဆည်းရမိခဲ့သည်။

ဒေသခံများကို မေးမြန်းချက်အရ သိရသည်မှာ ယခုတိုက်ပွဲမှာ ရခိုင်လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် ဖြစ်ပွားကြောင်း ကြားသိရသည်ဟု ဆိုသည်။

_____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။