အပစ်ရပ်စာချုပ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ထိုးမည်

အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ (စက်တင်ဘာ ၉၊ ၂၀၁၅)

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးကြဖို့ ဒီကနေ့မှာပဲ နှစ်ဘက်တို့ သဘောတူလိုက်ကြပါပြီ။

နေပြည်တော် MICC (2) မှာ ကျင်းပမယ့် သဘောတူလက်မှတ်ရေးထိုးပွဲအတွက်လည်း တဘက်စီက ကိုယ်စားလှယ် (၁၀) ဦးတို့ပါဝင်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ကျင်းပရေး ပူးတွဲကော်မတီကိုလည်း ဒီကနေ့မှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားကိုယ်စားလှယ်တချို့တို့ ဆွေးနွေးသဘောတူခဲ့ကြတာလည်း ဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးတို့တော့ မပါပါဘူး။ အပစ်ရပ်ရေး မြန်မာအစိုးရနဲ့စတင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ထဲက ၇ ဖွဲ့သာ NCA ကို လက်မှတ်ထိုးဖို့ သဘောတူထားပြီး ကျန်တဲ့ (၁၀) ဖွဲ့တို့ကတော့ အစိုးရဘက်က လက်နက်ကိုင်အားလုံးကို လက်ခံမှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို ကိုင်စွဲပြီး NCA မှာ လက်မှတ်ထိုးဖို့ ဆိုင်းငံ့ထားကြပါတယ်။

လက်မှတ်ထိုးမယ့်အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ- KNU-KNLA- PC- ၊ ချင်းအမျိုးသားတပ်ဦး- CNF ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP အဖွဲ့တို့ဖြစ်ပါတယ်။

http://burmese.voanews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။