ထိုင်းကျောင်းသူအသတ်ခံရမှုပုံစံ သရုပ်ဖော်ပြသနေစဉ် (ဓာတ်ပုံ − လင်းယုန်မာန်)
ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် လူသတ်တရား ခံဟု စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာရေလုပ်သား လေးဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လူသတ်မှု သရုပ်ပြပုံစံများ ပြုလုပ်ခိုင်းပြီး အမှုကို တရားရုံးတင်ရန် ပြင်ဆင်နေကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ကိုမင်းဦးက ပြောသည်။
အောက်တိုဘာ ၂၇ ရက် ည နေ ၄ နာရီခွဲက ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် ဖမ်းဆီးခံ မြန်မာရေလုပ်သား လေးဦးကို ခေါ် ဆောင်၍ အခင်းဖြစ်ပွားရာ နေ ရာများတွင် လူသတ်မှုကျူးလွန် သည့်သဏ္ဌာန် သရုပ်ပြစေခဲ့ သည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာရေလုပ်သားများကို ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် သရုပ်ပြမှုများပြုလုပ်စေခဲ့ခြင်းဖြစ်သည်။ သရုပ်ပြမှု ပြုလုပ်စဉ် ထိုင်းရဲတပ်ဖွဲ့က စေခိုင်းသည့် ပုံစံများဖြင့် မြန်မာ ရေလုပ်သားလေးဦးက ပြုလုပ်နေသည်ကို တွေ့မြင်ရပြီး လာရောက်ကြည့်ရှုသော ရနောင်းမြို့ရှိ ထိုင်းနိုင်ငံသားများနှင့် မြန် မာများကလည်း မြန်မာလေးဦး က ပြစ်မှုကျူးလွန်သည်ကို မယုံကြည်ကြောင်း ပြောဆိုကြသည် ဟု သရုပ်ပြမှုနေရာများသို့ သွား ရောက်ခဲ့သော ကိုမင်းဦးက ပြောသည်။
သရုပ်ပြပွဲမပြုလုပ်မီတွင် မြန်မာသံရုံးမှ သံအရာရှိ ဦးလှ ထွန်းနှင့် မြန်မာသံရုံးအထူးအဖွဲ့ တို့က ဖမ်းဆီးခံ မြန်မာများနှင့် တွေ့ဆုံခွင့်တောင်းရာ ထိုင်းရဲ တပ်ဖွဲ့က တွေ့ခွင့်မပေးကြောင်း ကိုမင်းဦးက ပြောသည်။
‘‘ကလေးတွေနဲ့ တွေ့ရဖို့ ချိန်းထားတာပါ။ သူတို့ပဲ ဒီနေ့ လာခိုင်းတာပါ။ ရဲစခန်းသွားတော့ လည်း တွေ့ခွင့်မပေးဘူး။ တရား ရုံးမှာလည်း တွေ့ခွင့်မပေးဘူး။ ထောင်သွားတော့လည်း မရဘူး။ သံရုံးကိုယ်စားလှယ်တွေအနေနဲ့ လာတာကို တွေ့ခွင့်မပေးတာပါ။ နောက်ပြီး သရုပ်ပြပွဲလုပ်တော့ လည်း ကလေးတွေက ထိုင်းရဲ တွေ ခိုင်းတဲ့အတိုင်း လုပ်နေတာ တွေ့ရတယ်။ သူတို့ ဘာမှ မသိ တဲ့ ပုံစံပဲ။ နောက်လာကြည့်တဲ့ သူတွေကလည်း ဒီကလေးတွေ လုပ်တယ်ဆိုတာ မယုံကြဘူး’’ဟု ကိုမင်းဦးက ပြောသည်။
လူသတ်မှုတွင် ပါဝင်သည် ဆိုကာ ဖမ်းဆီးထားသည့် မြန်မာ ရေလုပ်သားလေးဦးမှာ အသက် (၁၅) နှစ်အရွယ် ရှိကြသည့် မိုး ဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုး ၀င်းနှင့် ဝေလင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း မြို့တွင် အသက် (၁၈) နှစ်အ ရွယ် ထိုင်းကျောင်းသူတစ်ဦးကို အသက် (၁၅) နှစ်အရွယ် မိုးဇင် အောင်နှင့် အသက် (၁၆) နှစ် အရွယ် ကျော်ရဲဦးတို့ ညီအစ်ကို နှစ်ဦးက ဓားဖြင့် ၁၇ ချက် ထိုး သတ်ခဲ့သည်ဟူသော သံသယဖြင့်ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်၌ ဖမ်းဆီးထားခြင်းဖြစ် သည်။
ညီအစ်ကိုနှစ်ဦးအနက် အစ် ကိုဖြစ်သူကို လူသတ်မှုတွင် ပါ ၀င်ခြင်းမရှိဟုဆိုကာ ပြန်လွှတ် ပေးလိုက်ပြီး အောက်တိုဘာ ၂၅ ရက်တွင် မြန်မာရေလုပ်သား သုံး ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ သေဆုံးသွားသော ထိုင်း ကျောင်းသူ၏ မိခင်သည် မြန်မာ နိုင်ငံသားဖြစ်ပြီး ဖခင်မှာ ထိုင်း နိုင်ငံသားဖြစ်သည်။ ဖမ်းဆီးခံရ သော မြန်မာရေလုပ်သားနှစ်ဦး သည် ထားဝယ်မြို့ ဇာတိများဖြစ် ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။