အမျိုးဘာသာ သာသ နာ စောင့်ရှောက်ရေးအဖွဲ့မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးတို့သည် စက် တင်ဘာ ၃၀ ရက် ညနေပိုင်းက မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ် ကျောင်းတိုက်တွင် ၁၅ မိနစ်ခန့်အ ကြာတွေ့ဆုံခဲ့သည်။
‘‘ဦးပဉ္စင်းတို့အနေနဲ့ ရွေး ကောက်ပွဲမှာ ဒကာကြီးတို့ပါတီ တင်မကဘူး။ မည်သည့်ပါတီပဲ ဖြစ်ဖြစ် တရားသဖြင့် ပြည်သူလူ ထုက တကယ်ရွေးချယ်တဲ့ အ မတ်လောင်းတွေပဲ လွှတ်တော်ထဲ မှာ အပြည့်အ၀ရောက်စေချင် တယ်။ အဲဒီလိုရောက်မှလည်းပဲ အခြေခံဥပဒေဆိုတာ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ညီအောင် ပြုပြင်နိုင် တယ်။ ဒကာကြီးတို့ ၄၃၆ တွေ၊ ဘာတွေပြင်တယ်ဆိုတာကလည်း ဦးပဉ္စင်းတို့ ကန့်ကွက်စရာမရှိဘူး။ သဘောတူတယ်။ ထောက်ခံတယ်။တပ်မတော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရောက်နေတာလည်းပဲ ဦးပဉ္စင်းတို့အနေနဲ့ဘုရားတရားတော်နဲ့မညီဘူး။ အထောက်အထားတွေနဲ့ဟောကြားခဲ့တယ်။ တပ်မတော်ကိုယ်စားလှယ်တွေ ဒီမှာအမြဲနေတာမသင့်တော်တဲ့အကြောင်းလည်း ဦးပဉ္စင်းတို့က ဝေဖန်ထောက်ပြခဲ့တယ်။ အဲဒီတပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒကာကြီးတို့နဲ့ဦးပဉ္စင်းတို့နဲ့ အမြင်တူပါတယ်’’ဟု ဆရာတော် ဦးဝီရသူက ဦးတင်ဦးနှင့် တွေ့ဆုံစဉ် မိန့်ကြားခဲ့သည်။
မဘသ ဦးဆောင်ဆရာ တော်များဖြစ်သည့် ဆရာတော် ဦးဝီရသူ၊ ဦးဣန္ဒာစက္ကတို့နှင့် ဒီ ချုပ် နာယကဦးတင်ဦးတို့ကိုတွေ့ ဆုံနိုင်ရန် ကံတက်ကုန်းမစိုးရိမ် ကျောင်းတိုက်ဆရာတော်က စီ စဉ်ပေးခြင်းဖြစ်ပြီး မဘသ၏ လုပ် ဆောင်ချက်များသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက် ခိုက်နေခြင်းမျိုးမဟုတ်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။
ညနေ ၃ နာရီခန့်မှစတင်ကာ ၁၅ မိနစ်ခန့်တွေ့ဆုံခဲ့ပြီး ဒီချုပ် နာယကဦးတင်ဦးအနေဖြင့် တစ် စုံတစ်ရာ ပြန်လည်လျှောက်ထား ခြင်းမရှိဘဲ ဆရာတော်များ၏ မိန့် ကြားချက်များကိုသာ နာယူခဲ့ သည်ဟု တွေ့ဆုံရာတွင် ပါဝင်ခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကပြောသည်။
‘‘ဘာမှ မဆွေးနွေးပါဘူး။ ဘုန်းကြီးတွေကသူတို့ရဲ့ သဘော ထားရပ်တည်ချက်ကို ပြောပြတာ ပါ။ အဓိကကတော့ NLD ကို တိုက်တာမဟုတ်ဘူးလို့ သူတို့ ပြောတယ်။’’ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။
ယခုကဲ့သို့တွေ့ဆုံမှုကြောင့် NLD နှင့် မဘသကြား ဆက်ဆံ ရေးပိုမိုကောင်းမွန်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
‘‘အများကြီးတိုးတက်တာ ပေါ့ဗျာ။ မသင့်မြတ်စေချင်တဲ့သူ တွေကလည်း တစ်မျိုးမြင်ကြတာ ပေါ့။ ဟိုသင့်မြတ်စေချင်တဲ့သူ တွေကလည်း ၀မ်းသာအားရဖြစ် နေကြတာပေါ့။ ဘာပဲပြောပြော ဒီလိုအမြဲတမ်းထိတွေ့နေရမယ် ဆိုရင်တော့ ကြားလူတွေ နှောင့် လို့မရတော့ဘူးလို့ ဦးပဉ္စင်းတို့က တော့ ယုံကြည်တာပဲ’’ဟု ဆရာ တော်ဦးဝီရသူကမိန့်သည်။
ပြီးခဲ့သည့် နှစ်ကလည်း ကံ တက်ကုန်းဆရာတော်မှ မဘသ ဆရာတော်များနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ကိုတွေ့ဆုံပေးရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ ဘဲ ယခုဦးတင်ဦးနှင့်က တွေ့ဆုံ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦ၀ီရသူက မိန့်သည်။
ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်းမှာ စီစဉ်ထားခြင်းမျိုး၊သီးသန့်ချိန်းဆိုတွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ ကံတက်ကုန်း မစိုးရိမ်ဆရာတော်ကြီးအား သွားရောက်ကန်တော့ရာမှ တွေ့ဆုံခြင်းဖြစ်သည်ဟု ဦးတင်ထွဋ်ဦးကပြောသည်။
ယင်းသို့တွေ့ဆုံရာတွင် မဘသဆရာတော်များက ဦးဆောင်ပြုလုပ်နေသည့် လွှတ် တော်ကိုယ်စားလှယ်လောင်းများ အကြား တစ်အိမ်တက်ဆင်း ရှင်း လင်းအသိပေးမည့်အစီအစဉ်အ တွက်လည်း အင်တာဗျူးဖြေပေး ရန် တိုက်တွန်းခဲ့သည်ဟု ဦးဝီရ သူက မိန့်ကြားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။