- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ အချစ်ဒရာမာကားလေး တစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
မြူမှုံက ဧည့်လမ်းညွှန် အလုပ်လုပ်ပြီး မိသားစုတာဝန်ကို ယူနေရသူပါ။ လေဖြတ်ထားတဲ့ သူ့အဖေအတွက် ဆေးဖိုးရှာရသလို ဆယ်တန်းကို ခဏခဏ ကျနေတဲ့ ဆေးစွဲနေတဲ့မောင်ရဲ့ ပြဿနာတွေကိုလည်း အမြဲဖြေရှင်းနေရသူပါ။ မြူမှုံဟာ ဧည့်လမ်းညွှန်အလုပ်လုပ်နေတဲ့အတွက် ဟိုတယ်တွေမှာ အမြဲအခန်းမှာပေးရလေ့ရှိပါတယ်။ သူအခန်းမှာတဲ့ ဟိုတယ်ပိုင်ရှင်က သားတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက်ပါ။ အဲဒီ သူဌေးက လူကြီးလူကောင်းဆန်ဆန်နဲ့ မြူမှုံကိုချဉ်းကပ်နေပေမယ့် မြူမှုံကတော့ မသိသလိုဘဲနေခဲ့ပါတယ်။
ဇော်ခိုင်က တစ်ဦးတည်းသောသား ဖြစ်တာကြောင့် ကျောင်းပြီးတဲ့အချိန်မှာ သူဝါသနာပါတဲ့ ပန်းချီဆွဲတဲ့အလုပ်ကိုပဲ လုပ်နေခဲ့ပါတယ်။ သူ့အဖေက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ သားဖြစ်သူကိုဝင်ပြီး လုပ်ခိုင်းပေမယ့် ဇော်ခိုင်ကတော့ ကျောင်းပြီးပြီးချင်း အေးအေးဆေးဆေးနေ ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်မလုပ်ဘဲ နေခဲ့ပါတယ်။
တစ်ရက်မှာတော့ ဇော်ခိုင် ကမ္ဘာအေးဘုရားက ငါးကန်မှာ ငါးစာ ကျွေးဖို့သွားရင်း ကောင် မလေး တစ်ယောက်ကိုတွေ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီ ကောင်မလေးက မြူမှုံပါ။ မြူမှုံ ငါးစာကျွေးနေတဲ့ပုံလေးတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ခဲ့သလို ပန်းချီ လည်းဆွဲခဲ့ပါတယ်။ အဲဒီပန်းချီ လေးကို ပြပွဲတစ်ခုမှာချိတ်ထားတဲ့ အချိန် နိုင်ငံခြားသားတွေကို လိုက်ပို့တဲ့မြူမှုံကတွေ့သွားခဲ့ပါတယ်။ ပန်းချီကားလေးကို တွေ့တွေ့ချင်းမြူမှုံက ပန်းချီဆရာကိုတွေ့ချင် တယ်လို့ပြောခဲ့ပါတယ်။ ဇော်ခိုင် ကိုတွေ့တဲ့အချိန်မှာတော့ မြူမှုံက သူ့ကိုသိလို့လားလို့မေးခဲ့ပါတယ်။ ဇော်ခိုင်ကလည်း မြူမှုံကိုတွေ့ခဲ့ တဲ့အကြောင်းနဲ့ ပန်းချီဆွဲဖြစ်ခဲ့တဲ့ အကြောင်းကို အမှန်အတိုင်းပြော ပြပြီး သူ့ကိုစိတ်မဆိုးဖို့ပြောခဲ့ပါ တယ်။ မြူမှုံက စိတ်မဆိုးပေမယ့် အဲဒီပန်းချီကားကို သူ့ကိုပေးဖို့ ပြောခဲ့ပါတယ်။
မြူမှုံကလည်း ပန်းချီကို ဝါသနာပါတာကြောင့် နောက် ပိုင်းမှာ ဇော်ခိုင်နဲ့ဆုံဖြစ်ကြသလို ဇော်ခိုင်ကလည်း မြူမှုံ့နောက်ကို နောက်ယောင်ခံလိုက်လေ့ရှိတာကြောင့် ရင်းနှီးမှုတွေရလာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ မြူမှုံရဲ့မောင်လေး ဆေးကိစ္စနဲ့ အဖမ်းခံရလို့ ဟိုတယ်ပိုင်ရှင် သူဌေးက ဝင်ပြီးဖြေရှင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်ပိုင်ရှင်က မြူမှုံကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာကို ဘေးလူတွေ တောင်သိနေတဲ့မြူမှုံနဲ့ဇော်ခိုင်တို့ရဲ့အချစ်ခရီးဘာတွေ ဆက်ဖြစ်ဦးမလဲ။ မိသားစုလိုအပ်ချက်အရ ဟိုတယ်ပိုင်ရှင်ကို မြူမှုံလက်ခံလိုက်ရမှာလား ဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ဇော်ခိုင် အဖြစ် မြင့်မြတ်၊ မြူမှုံအဖြစ် ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး သမီးမြတ်ကျော်ရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။