လေယာဉ်မယ်တစ်ဦးက လေယာဉ်ပေါ်လိုက်ပါသည့် ခရီးသည်များနှင့် အခကြေးငွေယူကာ လေယာဉ်သန့်စင်ခန်းအတွင်း လိင်ဆက်ဆံနေကာ ငွေစုပိုက်ဆံရှာခဲ့သည်က နှစ်နှစ်မျှ အလုပ်ဖြစ်ခဲ့ပြီး ပေါင် ခြောက်သိန်းဝန်းကျင်ခန့် အသားတင်ဝင်ငွေကောင်းခဲ့သည်။
ထိုသို့ ငွေရှာနေသော်လည်း သိရှိခြင်းမရှိဘဲ တစ်ကြိမ်တွင် ရေအိမ်အတွင်း ယင်းသို့ ခရီးသည်တစ်ဦးနှင့် လိင်ဆက်ဆံနေခြင်းကို လက်ပူးလက်ကြပ်မိရာမှ ချက်ချင်း အလုပ်ထုတ်ခံလိုက်ရတော့သည်။
ထိုလေယာဉ်မယ်က အရှေ့အလယ်ပိုင်း လေကြောင်းလိုင်းတစ်လိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် လေယာဉ်မယ်တစ်ဦးဖြစ်သည်ဟု သိရသည်။
ဆော်ဒီအာရေဗျဘာသာဖြင့် ထုတ်ဝေသည့် ဆာဒါသတင်းစာသို့ သတင်းပေးပို့သူက ပြောရာတွင် "ဒီလေယာဉ်မယ်လေးက သူဟာ လေယာဉ်ပျံသန်းစဉ်တွေမှာ ခရီးသည်တွေနဲ့ လိင်ဆက်ဆံခဲ့တာ ဝန်ခံသွားတယ်။"ဟု ပြောခဲ့သည်။
အမြင့်ဝေဟင်အထက် မိုင်ပေါင်းများစွာ ပျံသန်းလေယာဉ်ပျံ သန့်စင်ခန်းအတွင်း ထိုသို့ လိင်ဆက်ဆံခြင်းကို ယင်းလေယာဉ်မယ်က တစ်ကြိမ် တစ်ဦးကို ပေါင် ၁၅၀၀ ယူပြီး လိင်ဆက်ဆံမှု ပေးခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းမှ သတင်းရင်းမြစ်က ပြောသည်။
လေကြောင်းလိုင်းနာမည်ကို အထူးလျှို့ဝှက်စေကာ သတင်းပြောကြားခြင်းဖြစ်သော်လည်း အဆိုပါ လေယာဉ်မယ်ကို ချက်ချင်းပင် အလုပ်မှ ထုတ်ပစ်လိုက်ကာ နယ်နှင်လိုက်ကြောင်း ဆာဒါသတင်းတွင် ဖော်ပြထားသည်။
http://mizzimaburmese.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။