လူကြိုက်အများဆုံးနိုင်ငံရေးပါတီ အွန်လိုင်းစစ်တမ်းတွင် ဒီချုပ်ဦးဆောင်



 ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အား ကောက်ခံခဲ့သည့် နိုင်ငံရေး ပါတီများ လူကြိုက်များမှု အွန် လိုင်းစစ်တမ်းတစ်ရပ်တွင် အင်န် အယ်လ်ဒီပါတီသည် အားပေး ထောက်ခံသူ တစ်သိန်းသုံး သောင်းကျော်ဖြင့် ရာခိုင်နှုန်းအများဆုံး ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ကြိုက်နှစ်သက်သည့် ပါတီအလံအား Profile Picture ပြုလုပ်မှုများကို ကောက်ယူခဲ့ ခြင်း ဖြစ်ပြီး ရက်သတ္တပတ်အတွင်း အသုံးပြုသူတစ်သိန်းခွဲခန့်ကို အခြေခံကောက်ယူ၍ စစ်တမ်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

 ၁၃၀,၈၃၅ ဦးက ဒီချုပ်၏အလံကို ပရိုဖိုင်ပုံပြောင်းလဲခဲ့၍ စစ်တမ်း၏ ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ၄,၀၀၆ ဦးဖြင့် စစ်တမ်း၏ ၂ ဒသမ ၉  ရာခိုင်နှုန်းရရှိပြီး ဒုတိယနေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၂,၆၅၃ ဦးဖြင့် တတိယနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) က ၇၆၉ ဦးဖြင့် စတုတ္ထနေရာ အသီးသီး ရပ်တည်ခဲ့သည်။

ယင်းတို့၏ နောက်တွင် ဒီမို ကရက်တစ်ပါတီ၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီတို့က အစဉ်လိုက် ရပ်တည်ခဲ့သည်။ စစ်တမ်းကို ချာ ပါတီအမည်ဖြင့် အွန်လိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီအနက် ၁၂ ပါတီ၏ အလံများထားရှိပေးကာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ ပရိုဖိုင်ကို မိမိတို့ အားပေးသည့် ပါတီ၏ အလံပုံဖြင့် ပြောင်းလဲစေခြင်းဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။