စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၅

ရခိုင်ပြည်နယ် မောင်တောမြို့ အခြေစိုက် မြတ်လေးပန်း အမျိုးသမီး လူမှု ကူညီရေးအဖွဲ့က မောင်တောမြို့နယ်ရှိ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ ပြားသားရွာနှင့် အောင်သာယာကျေးရွာများသို့ များမကြာမီက ဆန်အိတ် ၉၈ အိတ်ကို ကူညီပေးအပ်ခဲ့သည်ဟု သိရသည်။
“အခုအကူ အညီပေးအပ်ခဲ့တဲ့ဆန်တွေကတော့ ရခိုင်တိုင်းရင်းသားရေး ၀န်ကြီးနဲ့ ပူးပေါင်းကော်မတီ က ပေးအပ်ထားတာဖြစ်ပါတယ်” ဟု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်မသန်းစိန်ကပြောသည်။
ယင်းအပြင် သားရေကုန်ပေါင်နှင့် ကင်းချောင်းကျေးရွာများအတွက် ဆန်၊ ဆီ၊ ဆားနှင့် အခြားပစ္စည်းများ အကူအညီများ ပေးအပ်ထားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ကို ဖွဲ့စည်းထားသည်မှာ ၃ နှစ်ရှိပြီ ဖြစ်ကာ ပညာရေး၊ သာရေး၊ နာရေးကိစ္စများအတွက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ယခုလက်ရှိတွင် GTC ကျောင်းသား လေးဦးအတွက် ထောက်ပံ့ပေး ထားသည်။ နာရေးအတွက် မည်သူမဆို လာပြီးဆက်သွယ်နိုင်ပြီး နာရေး တစ်ခုကို ၂၀၀၀၀ ကျပ်စီ ထောက်ပံ့ ကူညီလျက်ရှိသည်ဟု သိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။