
ရခိုင်ပြည်ကို မရောက်ဖူးတဲ့ လူများအတွက် ဒီစာကို ရေးပါတယ်။
Htwe Lynn Ko ခေါ် လင်းလင်း ရဲ့ Post ကို ဖတ်ရလို့ ဒီစာကို ရေးပါတယ်။
တောင်ကုတ်မြို့ နဲ့ အမ်းမြို့တို့ကို ကုလားမလာရ ဆိုတာ မြို့သူမြို့သားများက တားမြစ်ထားလို့မဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့ကြတဲ့ အစိုးရအဆက်ဆက်ရဲ့မဟာဗျူဟာ ကြောင့်သာ ဖြစ်ပါတယ်။
တောင်ကုတ်နဲ့အမ်းဟာ ပြည်မဘက်ကိုလာဖို့အတွက် နောက်ဆုံး ဂိတ်ပေါက်တွေ ဖြစ်ပါတယ်။ ဒီမြို့နှစ်မြို့ကို ဘင်္ဂလီကုလားများ လာရောက်နေထိုင်ပါက ဒီကုလားများဟာ အချိန်မရွေး ပြည်မဘက်ကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ပြည်မဘက်ကို ဖြတ်ကျော်လာမယ့် ကုလားများကို တားဆီးထားတဲ့အနေနဲ့ ဒီမြို့တွေမှာ ကုလားများကို အခြေချ နေထိုင်ခွင့်မပေးတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ဘင်္ဂလီကုလားများဟာ ရခိုင်ပြည်ထဲကို ငွေပေးပြီးလည်း ဝင်တာရှိတယ်လို့ သိရပါတယ်။ ခိုးဝင်တာလည်း ရှိပါတယ်။ ဝင်လာသမျှ ဘင်္ဂလီကုလားများအားလုံးကို ရခိုင်ပြည်မှာ ပိတ်လှောင်ထားပါတယ်။ ရခိုင်နဲ့ကုလားကို အတူထားပြီး နိုင်ငံရေးကို ကြိုက်သလို ကစားကြပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်ပြည်ဟာ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဖြစ်သွားခဲ့ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေမရှိ အဓိကရုဏ်းတွေ ခဏခဏဖြစ်နဲ့ ရခိုင်ပြည်ဟာ ဆင်းရဲတွင်းနွံထဲနစ်နေခဲ့တာ လွတ်လပ်ရေးရပြီးကတည်းကပါပဲ။ ဒါကို ပြည်မဘက်ကလူတွေ နားလည်ဖို့လိုပါတယ်။ သိထားမှ နားလည်ထားမှ ကိုယ်ချင်းစာနိုင်ကြမှာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ဟာ ရခိုင်ပြည်ကို ပစ်ပယ်ထားခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး အားရစရာ ကောင်းလောက်အောင် ဘာမှမလုပ်ပေးခဲ့ကြပါဘူး။
အခု သံတွဲ တောင်ကုတ်လမ်းကို ကားစီးရတာဟာ ကားစီးရတာနဲ့မတူဘဲ မြင်းစီးရတာနဲ့တူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ လမ်းက အဲသလို ဆိုးတာပါ။ အဲဒါ ရခိုင်ပြည်က အကောင်းဆုံးလမ်းပါ။ တောင်ကုတ် ကျောက်ဖြူလမ်း အမ်း စစ်တွေလမ်း တို့က ဒီထက် ပိုကြမ်းတမ်းပါတယ်။ ဒီလမ်းတွေမှာ ကားစီးသွားရတာဟာ ဆန်ကောထဲ ဇီးသီးထည့်ထားသလိုပါပဲ။ လှတောသားစကားနဲ့ပြောရရင် ကျောက်ခဲကို စားသွားရင်တောင် လမ်းတစ်ဝက်တင် အစာကြေပါတယ်။
နောက်တစ်ခုက ရခိုင်ပြည်နယ်က ရခိုင်လူမျိုးအပါအဝင် တခြားလူမျိုးတွေဟာ ပြည်မဘက်ကိုလာရင် လဝက ဂိတ်တွေမှာ နိုင်ငံသားစိစစ်ရေးကတ်စစ်ဆေးတာကို ခံကြရပါတယ်။ အနည်းဆုံး ဂိတ် ၃ ဂိတ်လောက် စစ်ဆေးကြပါတယ်။ ခဏ ခဏ လမ်းဆင်းလျှောက်ရပါတယ်။ အိပ်ရေးပျက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဘင်္ဂလီကုလား တစ်ဦးတစ်ယောက်မှ ပြည်မဘက်ကို မလာရ ဆိုတဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခု ရှိနေတဲ့အထဲ ပြည်မဘက်ကို လာလို့ နိုင်ငံသားစိစစ်ရေးကတ် အကြိမ်ကြိမ် ထုတ်ပြရတာ ကျနော်တို့ ရခိုင်လူမျိုးတွေပါပဲ။
ရခိုင်ပြည်ကို မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ရင် နိုင်ငံသားစိစစ်ရေးကတ်ရှိတဲ့လူတိုင်းကို ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ပေးသင့်ပါတယ်။ အခုဟာ တခြားတိုင်းနဲ့ပြည်နယ်မှာ မစစ်ဆေးပဲ ရခိုင်ပြည်နယ်မှာပဲ စစ်ဆေးနေတယ်ဆိုတော့ စိတ်ထဲကသိကအောက် ဖြစ်ရပါတယ်။
နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရှိသင့်ပါတယ်။
လင်းလင်း ရေးထားတဲ့စာသားအရဆိုရင် တောင်ကုတ်မြို့က လူအုပ်ဟာ လင်းလင်း တို့ကို ရန်ပြုဖို့စောင့်နေတယ် ဆိုတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ အသေအချာ မသိတဲ့လူက ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး တောင်ကုတ်မြို့သားတွေကို ဆဲကြပါတယ်။ အမှန်မှာက ဘယ်လူအုပ်မှလည်း ရန်ပြုဖို့ စောင့်မနေကြပါဘူး။ တောင်ကုတ်မြို့သားတွေ ဆိုတာ အမြော်အမြင်ကြီးမားပါတယ်။ လိုက်လျောညီထွေနေတတ်ပါတယ်။ အားအားယားယား သတ်မယ်ဖြတ်မယ် ဆိုတဲ့လူတွေ မဟုတ်ပါဘူး။ တချို့လူတွေရဲ့အပြောအဆိုတွေကြောင့် ယုန်ထင် ကြောင်ထင် ဖြစ်သွားကြတာ ဖြစ်ပါတယ်။ ပွဲတကယ်စလို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့အခါ ကွင်းအပြည့်အားပေးကြတာ တွေ့မြင်ကြရတာပဲ မဟုတ်ပါလား။
လင်းလင်း အနေနဲ့ ဒီလိုအရေးအသားမျိုးကို သတိထားပြီး ရေးသင့်တယ်။ မသိရင် တောင်ကုတ်မြို့သားတွေကို အစွန်းရောက်တွေလို့ ထင်သွားနိုင်ပါတယ်။
နောက်တစ်ခု ကျနော်တို့ရခိုင်လူမျိုးတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြပါတယ်။ အားလုံးကိုတော့ မဆိုလို။
သေချာတာကတော့ ဘယ်သူမှ လုပ်ကြံမှာ မဟုတ်ပါဘူး။ ကျနော်တို့က လုပ်ကြံတတ်တဲ့ လူမျိုးမဟုတ်လို့ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတာ ရခိုင်တွေမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံတာ ရခိုင်တွေမဟုတ်ပါဘူး။
ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ကြည်ညိုလေးစားပါတယ်။
___ မင်းဆက်သက်ခိုင်
Credit: Min Sett Thet Khine
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။