KIA မုန်းကို ဒေသတွင် အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွား

KIA မုန်းကို ဒေသ တပ်ဖွဲ့များ

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မုန်းကို အထူးဒေသတွင် ယမန်နေ့မှစပြီး တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

KIA တပ်ရင်း(၃၆)နှင့် အစိုးရတပ် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့များကြား မုန်ဘော် (Mung Baw)နှင့် မုန်းကို (Mong Ko) ကြား လွယ်ဂျုံဘွမ် (Loi Jung Bum) တောင်ပေါ်မှာ အဓိက တိုက်ပွဲ ဖြစ်ပွားသည်ဟု မုန်းကို ဒေသခံများဆိုသည်။

ယမန်နေ့က တနေ့လုံး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ယနေ့တွင် Loi Jung Bum ပတ်ဝန်းကျင်တွင် အချိန်တို ထိတွေ့ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများ ဆိုပါသည်။

သံလွင်မြစ် အရှေ့ဘက် ကိုးကန့်ဒေသနှင့်ဆက်စပ်နေသော KIA တပ်ရင်း ၃၆၊ ၃၈ မုန်းကို-ဖောင်းဆိုင် ဒေသသည် တရုတ်နယ်စပ် တလျှောက်တည်ရှိသည်။

၎င်း ဒေသ နယ်စပ်တလျှောက် ပြီးခဲ့သော တပတ်ကျော်မှ တရုတ်စစ်တပ်က လုံခြုံရေး တပ်စခန်းများ တည်ဆောက်လာသည်ဟု ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။
 
မုန်းကို ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာနိုင်သော အခြေအနေအတွက် တရုတ်တပ်ဖွဲ့မှ ကြိုတင်လုံခြုံရေးယူထားခြင်း ဖြစ်နိုင်ကြောင်း နယ်စပ် စစ်ရေးစောင့်ကြည့်လေ့လာသူများ သုံးသပ်ကြသည်။

သြဂုတ် ၂၅ နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တပ်မတော် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ‘ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆက်စပ်ကူညီသော ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄)နှင့် ပလောင် (တအောင်း) TNLA အဖွဲ့တို့ လက်နက်စွန့်ရမည်ဟု ပြောကြားချက်’ ကို ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ(၉)ရက်နေ့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များကြား တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် နောက်ဆုံးအဆင့် ဆွေးနွေးပွဲသို့ ပါဝင်ရန် ပျက်ကွက်ပြီး အစ္စရေးနိုင်ငံသို့ စစ်လက်နက် လေ့လည်ကြည့်ရှုသည့်ခရီး ပြုခဲ့သည်။

NCA တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရန် နေပြည်တော် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များ ထပ်မံ၍ တင်ပြတောင်းဆိုခဲ့သည်။

သို့သော်လည်း အစိုးရက မူလအတိုင်းပဲ ၎င်းတို့ အသိအမှတ်ပြုထားသော အဖွဲ့(၁၅)ဖွဲ့နှင့်သာ လာမည့် အောက်တိုဘာလ ပထမအပတ်တွင် NCA စာချုပ် လက်မှတ်ရေးထိုးရန် ပြောကြားခဲ့သည်။
http://kachin.kachinnews.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။