တရုတ်နိုင်ငံတွင် သုတ်ပိုး လှူဒါန်းခြင်းဖြင့် iPhone 6S ရရှိနိုင်

တရုတ်နိုင်ငံရှိ သုတ်ပိုးဘဏ်များတွင် လာရောက်လှူဒါန်းသူများကို iPhone 6S တစ်လုံးနှင့် ညီမျှသော ငွေကြေးပေးသွားမည် ဖြစ်ကြောင်း Changjiang Times သတင်းများအရ သိရသည်။
ရှန်ဟိုင်းမြို့ရှိ ရန်ဂျီဆေးရုံသည် သုတ်ပိုး ပုံမှန်လာရောက်လှူဒါန်းသူများကို ယွမ် ၆,၀၀၀ (ကန်ဒေါ်လာ ၉၄၀) ပေးသွားမည် ဖြစ်သည်။ သုတ်ပိုး လာရောက်လှူဒါန်းသူများသည် ရရှိသည့် ငွေကြေးကို မည်သည့်ကိစ္စရပ်တွင်မဆို သုံးစွဲနိုင်သော်လည်း ဆေးရုံက အမျိုးသားအများစုကို iPhone သစ်များဖြင့် မက်လုံးပေး ဆွဲဆောင်ခဲ့သည်။
၎င်းဆေးရုံ၏ ဝက်ဘ်ဆိုက်တွင် “ကျောက်ကပ်ရောင်းရန် မလိုဘဲ 6S ကို အလွယ်တကူရရှိနိုင်” ဟူသောစာသားကို iPhone ဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။
သို့သော်လည်း သုတ်ပိုးလာရောက်လှူဒါန်းသူများအတွက် သတ်မှတ်ချက်တစ်ချို့ရှိသည်။ ၎င်းတို့မှာ လာရောက်လှူဒါန်းသူသည် အရပ် ၅ပေ ၄လက်မ၊ တက္ကသိုလ်ဘွဲ့လက်မှတ်နှင့် ဆေးစစ်မှုများ အောင်မြင်ရန် လိုအပ်သည်။ အမျိုးသားများသည် ခြောက်လအတွင်း သုတ်ပိုး ၁၇ မီလီလီတာရရှိအောင် လှူဒါန်းပြီးမှသာ ငွေကြေးအပြည့်အဝ ရရှိမည် ဖြစ်သည်။
http://internetjournal.media/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။