ရင်ခေါင်းခဲနီရေ - မင်းရာမောင်

မစ္စတာဝေ
(ကဗျာဝေဖန်ချက်)

ဒေတရက် နှစ်ရက်မှာ ကဗျာတပုဒ် ခေါင်းထဲကို ရောက်နီရေ။ အတွေးထဲမှာ တဝဲလည်လည်နီရေ။ ရခိုင်မှာ ခေတ်ဟောင်းထဲမှာ ကဗျာ နိသာယပေါင်း ၄၀ လောက်ဟိရေလတ်။ စပ်နည်း ဟတ်နည်းပေါင်း ၂၀၀ လောက်ဟိရေလို့ မှတ်တမ်တမ်းတိမှာ တွိ့ရရေ။ အနီးစပ်ဆုံး ရခိုင်ထီးနန်း ဆိတ်သုန်းပြီးနောက်နန့် အင်္ဂလိပ် ခေတ်ခေတ်ကြားမှာ ရခိုင်ကဗျာရေ အသစ်အဆန်းထက် ရတုဆိုရေ ရီပတ်ထဲမှာ မွှီနီခရေ။ ကျနော်နားလည်သလောက် ဗမာတိမှာ အင်္ဂလိပ်ခေတ်ထဲမှာ လေးချိုးရို့ပိုင် ပေါ်ပေါက်ခရေ။ လွတ်လပ်ရေးမရခင်ထိနန့်ရပြီးနောက်ပိုင်း လေးလုံးစပ်တိဖြစ်တေ ၄၃၂။ ၄၃၁ ရို့က ကြီးစိုးခရေ။ ဒေနိထိလည်း ယင်းနောက်မှာ လားနီကတ်တုန်းသိမ့်။

အဂုနောက်ပိုင်းမှာ ကဗျာ အသစ်အဆန်းတိ ပေါ်ပေါက်ပါလတ်တေ။ ကျနော်ရှေ့ကဆိုကေ လီလွင့်ရွက်ဝါ။ နီရိုင်းနီ(တောင်ရင်းကျွန်း)။ နောင်အေး(အနောက်)။ မောင်ခိုင်အောင် (စစ်တွေ)ရို့တိက လမ်းသစ်ဖောက်လာကတ်တေ။ ကဗျာဆရာဆိုစော် အဟောင်းထဲမှာ နီ။ အဟောင်းထဲက စကားလုံးတိနန့်ရာ အဖော်ပြုနီကေ စာစီသမားလောက်ရာဖြစ်တေ။ ယင်းအတွက် လမ်းသစ်ကို လားကို လားကတ်ရရေ။ ဒေနိ အားရစရာကောင်းရေ လမ်းသစ်ထဲမှာ ကလောင်ကောင်းတိ အင်တန်ပေါ်လာရေ။ ကဗျာ ခေါင်းစီးနောက်ကို ကဗျာ ပိုဒ် အဓိပ္ဗါယ်ဖွင့်မှု စကားပြေကဗျာဖွဲ့မှု စကားသံကို အားပြု ကဗျာဖွဲ့မှု ကာရံကို ပေါင်းစပ် ကဗျာဖွဲ့မှုထိ ဆွဲဆန့်လာစော်ကို တွိ့ရရေ။

ယင်းအထဲမှာ အားဖျော့ကဗျာတပုဒ်ကို ရှားရှားပါးပါးဖတ်ရရေ။ ဒေကဗျာပုံစံကို ဗမာစာပီထဲမှာ တပုဒ်စ နှစ်ပုဒ်စလောက် ဖတ်ဖူးရေ။

တိမ်တွေ ရွေ့သွားတာ မြင်မိတိုင်း 
အားလျော့မိတယ်--ဆိုရေကဗျာ တပိုင်းတစကို ကျနော် မှတ်မိနီသိမ့်ရေ။ တာရာမင်းဝေ ရွီးရေ ထင်မိရေ။ ယင်းကဗျာရေ မော်ဒန်ကဗျာတပုဒ်ဖြစ်တေ။ ယင်းကဗျာနန့် အတွေးချင်း ဆင်တူရေ ရခိုင်ကဗျာစစ်စစ် ကဗျာ တပုဒ်ကို ကျနော်လက်ထဲကို ရောက်လာရေ။ ခေါင်းစီးက "ရင်ခေါင်းခဲ"

(ရင်ခေါင်းခဲ = နာတာရှည်ဝမ်းခဲနာတမျိုး။ မခံမရပ်နှိုင်အောင်နာကျင်ပြီးကေအော်ဟစ်ဂျွမ်းထိုးနီရရေလို့ပြောလေ့ပြောထဟိရေ ရောဂါ။ ယင်းသူက ရင်ခေါင်းခဲဟိရေ လုပ်စားနှိုင်ဖို့စွာလာလို့ပြောလေ့ပြောထဟိရေ) ဒေအသုံးအနှုန်းရေ လူ့လောကထဲမှာ ဟိနီကေလေ့ ရသအသုံးအနှုန်မှာ အနုအလှအဖြစ် အသုံးပြုရခက်တေ စကားလုံး။ ယင်းချင့်ကိုပင် ခေါင်းစီးတပ်လိုက်စော်ရေ အဓိပ္ဗါယ် လေးနက် ပီးပြင်လားရေ။ ကာရန်ကဗျာမှာ အဓိကကာရန်နန့်အတွင်းကာရန်ဆိုစော်ဟိရေ။ ဒေကဗျာက မော်ဒန်ကဗျာ။ မော်ဒန်မှာ realize အစစ်ဖြစ်တေ။ အပြောအခြေပြုထားရေ။ ပြည်သူကို ထင်ဟတ်စီရေ။ မော်ဒန်ဂုဏ်မြောက်တေ။ အဓိပ္ပါယ်က အောက်ပုဒ်ကို ဖတ်ပြီးမှ ခေါင်းစီးက အဓိပ္ပါယ် ပေါ်လွင်ရေ။ ကဗျာက

"ငသံဒွေ နရဘန်ပူလို့
သံဃာစင်ပါမှောက်"

ယောက်ဖအိမ်ဂြောက်
အယတ်တွဲဗျာယ်
အစက်ချ စွာချေ နန့်
အသက်ဆက်လာစွာလေ့
အချေ တိတောင်
ကြက်မျက်သင့်နီကတ်ဗျာယ်ထော။"

အပိုဒ်က နှစ်ပိုဒ်ထင်ရရေ။ ယေကေလေ့ "မှောက်" "ဂြောက်"ကို လီသံကာရန်ပင် အပြောအခြေပြုပင် ယူလားရေ။ ငသံဒွေက တခုခုကို လိုချင်းလို လူတိ အမြတ်တနိုးရှိခိုးပူဇော်ရေ သံင်္ဃာစင် တနည်း ဘုရားစင်ပါ မှောက်ပါ စော်ကားဖျက်ဆီးခံလိုက်ရစော်ကို အစချီထားရေ။ အစအဖွင့်မှာ အားပါရေ။ မာန်ပါရေ။ ဝတ္ထုတိုသဘောအရဆိုကေ အဆုံးထိ ဖတ်အောင် အစမှာ အားကောင်းကောင်းနန့်ဖွင့်ခြင်းမျိုး။ အတွေ့အကြုံရင့် ဝတ္ထုတိုသမားတိပိုင် နမူနာယူဖွင့်ထားရေ။ ဒေလောက်က ဆိုလိုရင်းတပိုင်းနန့် ကဗျာဆရာက အစပျိုးပနာ တခြားတဖက်ကို ဆက်ဆွဲခေါ်လားရေ။

ကိုယ့်အိမ်မဟိလို့ ယောက်ဖအိမ်ဂြောက်အယက်တွဲနီခါ စားစရာ သောက်စရာ မဟိ။ ဟိုလူပါးကပီးစာ ဒေလူပါးက ပီးစာတိကို မဝရီစာဘဝနန့် ကိုယ်ရို့ကိုယ်တိုင်း အသက်ဆက်လာတင်မက အနာဂတ်ပါ အချေတိအတွက် မျက်မမြင် လမ်းမမြင် ဖြစ်လာရေ။ ကဗျာဆရာက "ကြက်မျက်သင့်နီကတ်ဗျာလ်ထော။" "ထော"ဆိုစော်က တခုခုကို ညွှန်ပြချင်စော်။ (ကြက်မျက်သင့်= အချေတိမှာအဟာရချို့တဲ့လို့ဖြစ်တေညဥ့်ခါဖက်အမြင်အာရုံချို့ယွင်းရေရောဂါ။)
ကဗျာဖတ်ရှုသူကို ညွှန်ပြလိုက်တေ။ ညွှန့်ပြစော်မှာ စကားနန့်လား။ လက်ညိုးထိုးလို့လား။ မျက်ရိပ် ခရိပ်နန့်လား။ မဟုတ် ရင်ဘတ်ကြီးနန့် ထိုးပြလိုက်စော်။ ညွှန့်ပြပြီးကေ

"အဘာလေ အဘာ
အိမ်ခြားဆင်းချင်ဗျာယ် အဘာ။"

ဒေမှာရာ ဟိလီရေ။ ကဗျာဆရာ နောက်ဆုံး ညှဉ်းချလိုက်စော်က ဒေမှာရာ ဟိလီရေ။ ကဗျာဖတ်သူက ကဗျာဆရာနောက်ကို လိုက်လားစော်မဟုတ်။ ကိုယ်တိုင်း အိမ်ခြားဆင်းဖို့အတွက် ညှဉ်းလိုက်တေပိုင်း။ အမှောင်ကနီ အလင်းကို ဆွဲခေါ်လားရေ။ ကဗျာအဆုံးက စကာားသံအရ အားပျော့စကား ညှဉ်းညူးရေစကားသံပင်ဖြစ်ကေလေ့ ကဗျာတပုဒ်လုံးကို လွှမ်းခြုံလားစီရေ။ ပဲ့တင်ထပ်စီရေ။ နောက်ဆက်တွဲ အတွေးကို ဆက်ယူစီရေ။ စာပီရေ ခေတ်၏ ကြေးမှုံဆိုကေ ခေတ်ကို ထင်ဟတ်စီလားရေ။

ကဗျာတပုဒ်လုံး အသက်ရေ နောက်ဆုံးအပုဒ်ကနီ ခေါင်းစီကို ပြန်ရောက်လားရေ။ ကဗျာတပုဒ်လုံးမှာ အိုင်ဒီအိုလော်ဂျီပါရေ။ တက္ကနိပါရေ။ အားပြုပြောရာကနီ ညှဥ့်ချလိုက်တေ။ ယင်းညှဉ်းချလိုက်စော်ပင် ကဗျာတပုဒ်လုံးမှာ ပင်မကြောဖြစ်လားရေ။ ကဗျာဆရာ မင်းရာမောင်မှာ သူများနန့်မတူရေ အနုပညာလက်ဟိရေဆိုစော် ဒေကဗျာကို မြည်းစမ်းကြည့်စော်နန့်သိနိုင်ရေ။

ရင်ခေါင်းခဲ
------***----
ငသံဒွေ နရဘန်ပူလို့
သံဃာစင်ပါမှောက်
ယောက်ဖအိမ်ဂြောက်
အယတ်တွဲဗျာယ်
အစက်ချ စွာချေ နန့်
အသက်ဆက်လာစွာလေ့
အချေ တိတောင်
ကြက်မျက်သင့်နီကတ်ဗျာယ်ထော
အဘာလေ အဘာ
အိမ်ခြားဆင်းချင်ဗျာယ် အဘာ။
ကဗျာဆရာ မင်းရာမောင်းအနီနန့် ဒေပိုင်ကဗျာမျိုးကနီ အာဟာဖြည့် စိတ်အားဖြည့်ကဗျာမျိုးတိထိ ဆက်လက် ရွီးသားနိုင်ပါစီ-

(အခွင့်ကြုံကေ တက္ကနိပိုင်းနန့် အစားထိုး နှိုင်းယှဉ်မှုပိုင်းကိုပင်ဆွေးနွေးပါအုံးမေ။ အိပ်မပျော်၍ အတွေးနယ်ချဲ့ကြည့်ခြင်းသာ။ ဖုန်းဖြင့် စာရိုက်ရရေအတွက် မှားတာရှိ ဝန္ဒာမိ)

မစ္စတာဝေ
၂၅-၆-၂၀၁၅။

Credit: Wai Hun Aung
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။