ကျောက်ဖြူ နဒီသောင်ယံပန်းခြံအား ဦးဥတ္တမပန်းခြံ အဖြစ် ပြောင်းလဲသတ်မှတ်မည်

ကျော်ဝင်း
ကျောက်ဖြူ၊ စက်တင်ဘာ ၅


ကျောက်ဖြူ နဒီသောင်ယံပန်းခြံအား မူရင်းအမည်ဖြစ်သည့် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲသတ်မှတ်သွားတော့မည် ဖြစ်သည်။

စက်တင်ဘာ၎ရက် နေ့လည်(၂)နာရီက ကျောက်ဖြူမြို့ သာသနာ့ဗိမာန်တွင် ဆရာတော် ၂၅ ပါးအပါအ၀င် မြို့ခံ ၁၀၀ ခန့် တက်ရောက်ခဲ့သော အစည်းအဝေးမှ ထိုသို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ အရင်တုန်းက ဒီပန်းခြံဟာ ဦးဥတ္တမပန်းခြံ ဖြစ်တယ်။ န၀တ အစိုးရတက်လာတဲ့ နောက်ပိုင်းမှာ နဒီသောင်ယံ ပန်းခြံ နာမည်ကို ပြောင်းလဲပစ်ခဲ့တယ်။ အခု ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲဖို့ မြို့လူထုကလည်း သဘော တူတယ်။ မြို့နယ် စည်ပင်ကလည်း သဘောတူထားပြီးဖြစ်တယ်။ မနက်ဖြန်က စပြီး ဆိုင်းဘုတ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုအောင်စောသိန်း က ပြောသည်။

၎င်းပန်းခြံတွင် ဂါရ၀ပြုနိုင်ရန် ဂုဏ်ပြု ထားရှိမည့် ဆရာတော်ဦးဥတ္တမ ရုပ်ထုတစ်ခုကိုလည်း ဦးတင်အောင်စိုးနှင့်ဇနီး ဒေါ်ခင်မေစိုး မိသားစု (မေဖုန်းမိုရ်ဟိုတယ်) မှ လှူဒါန်းသွားမည်ဟုသိရသည်။

“ စက်တင်ဘာ၉ရက်နေ့ ဦးဥတ္တမနေ့ မှာ ဦးဥတ္တမ ပန်းခြံ ဖွင့်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာဘဲ ဆရာတော် ဦးဥတ္တမရုပ်ထုပြုလုပ်မယ့် နေရာသတ်မှတ်ခြင်းနှင့် ပနက်ရိုက်ခြင်းကိုပြုလုပ်သွားပါမယ်” ဟု သူက ဆက်ပြောသည်။

၁၉၈၈ခုနှစ်နောက်ပိုင်း မုန်းတိုင်း တိုက်ခံရပြီးနောက် ဆိုင်းဘုတ်ပြိုလဲ သွားပြီးနောက် ကျောက်ဖြူရှိ အာဏာပိုင်များက သူတို့ သဘောနှင့် သူတို့ နဒီသောင်ယံ ပန်းခြံဟု နာမည်ပေးခံခဲရခြင်းဖြစ်သည်ဟု သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။