တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။

လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။

Supermoon Lunar Eclipseဖြစ်စဉ်ကြောင့် ဒီရေအနည်းငယ် မြင့်တက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသော်လည်း စိုးရိမ်ရန်မလိုဟု ၎င်းကပြောသည်။ ၂၀၁၄ သြဂုတ်လကယခုကဲ့သို့ပင် စူပါမွန်းဖြစ်စဉ်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံတွင် ဆူနာမီငလျင် ရင်ဆိုင်ရနိုင်သည်ဟူ သော ကောလာဟလနှင့်အတူ အစိုးရအဖွဲ့ကလည်း သတိပေးချက်များထုတ်ပြန်ခဲ့သောကြောင့်လူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ဖူးသည်။

နက္ခတ်ဗေဒပညာရှင် ဦး ဇေယျာကိုက ယခုဖြစ်စဉ်ကို မြန်မာနိုင်ငံမှ လုံးဝမြင်တွေ့ရမည်မဟုတ်သောကြောင့် နက္ခတ်ပညာအရ မြန်မာနိုင်ငံအတွက် ထူးထူးခြားခြားသက်ရောက်မှုရှိမည်မဟုတ်ဟု ဆိုသည်။

ဥရောပနှင့် အာရှနိုင်ငံအချို့ တွင်မူ တစ်လအတွင်း ငလျင်လှုပ်ရှားနိုင်ခြေရှိသည်ဟု ၎င်းက ခန့်မှန်းတွက်ချက်သည်။

ထိုကဲ့သို့ ဖြစ်စဉ်သည် သမိုင်းမှတ်တမ်းများအရ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း၌ ငါးကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၁၉၈၂  ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ခဲ့သည်။ ၃၃ နှစ်အကြာ ယခုနှစ်တွင်ထပ်မံဖြစ်ပွားပြီး လာမည့် ၂၀၃၃ အောက်တိုဘာလ ၉ ရက်တွင် တစ်ကြိမ်ထပ်ဖြစ်မည်ဟု နိုင်ငံတကာသိပ္ပံပညာရှင်များက သတင်းထုတ်ပြန်ထားသည်။

၂၀၃၃ တွင်မူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဟု ဦးဇေယျာကို က ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။