ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
၂၀၁၅-ခုနှစ်၊ အမည်စာရင်းတင်သွင်းလွှာအယူခံအမှုအမှတ်(၁၂)
ဦးကျော်ဇောဦး (အယူခံတင်သွင်းသူ) နှင့် ဦးအောင်မြကျော် (အယူခံတင်သွင်းခြင်းခံရသူ)
ဆုံးဖြတ်ချက်
နေ့စွဲ၊ ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ (၉) ရက်
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မူလအမှုတွဲ နှင့် အယူခံအမှုတွဲတို့ကို လေ့လာသည်။ အယူခံလျှောက်ထားသူမှာ နိုင်ငံကူးလက်မှတ် (PASSPROT) ဖြင့် အိန္ဒိယနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံများသို့ သွားခြင်းမှာ တရားဝင်သွားခြင်းပင် ဖြစ်သည်။
ကန့်ကွက်သူ ဦးအောင်မြကျော်အနေဖြင့် ခိုင်လုံသော သက်သေအထောက်အထား တစ်စုံတစ်ရာ တင်ပြထားခြင်းမတွေ့ရ။ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ (၂၇) ရှင်းလင်းချက် (၂) အရ ကန့်ကွက်သူမှ ခိုင်လုံသော သက်သေ (သို့မဟုတ်) အထောက်အထား၊ သက်ဆိုင်ရာဌာန (သို့မဟုတ်) အဖွဲ့အစည်း၏ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် ဆုံးဖြတ်ချက် (သို့မဟုတ်) မှတ်တမ်းမိတ္တူမှန် တစ်ခုခုကို တင်ပြရမည်။ ထိုသို့တင်ပြခြင်းမရှိပါက ယင်းကန့်ကွက်ချက်ကို အရေးမယူရ ဟု ဖော်ပြထားပါသည်။
ထို့ကြောင့် အယူခံလျှောက်ထားသူမှာ ပြည်နယ်လွှတ်တော်ဥပဒေ ပုဒ်မ ၈(က)(၂)ကို ကျူးလွန်သည် ဟု မယူဆနိုင်ပါ။ ထို့ကြောင့် အယူခံလျှောက်ထားသူအပေါ် မူလ စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ချမှတ်သည့်အမိန့်အား ပယ်ဖျက်လိုက်သည်။ ရခိုင်ပြည်နယ်လွှတ်တော် စစ်တွေမဲဆန္ဒနယ် အမှတ် (၂)အတွက် လွှတ်တော်ကိုယ်စားလှယ် လျှောက်ထားခြင်းအားခွင့်ပြုသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။