တရားခံ လိုက်ဖမ်းစဉ် ရဲ ၂ ဦး ဓားထိုးခံရ၍ သေဆုံး

ရဲဝန်ထမ်း, တရားခံ, တရားဥပဒေ စိုးမိုးရေး, ရာဇဝတ်မှု
ဥရောပ သမဂ္ဂ (EU) က သင်တန်းပေးနေသည့် ရဲ တပ်ဖွဲ့ဝင်များကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ တည်းခိုခန်းတခုအတွင်းရှိ တရားခံပြေးတဦးကို ရဲ ၂ ဦးက ၀င်ရောက်ဖမ်းဆီးစဉ် တရားခံဖြစ်သူက ပြန်လည်ခုခံ၍ ဓားဖြင့် ထိုးသဖြင့် ရဲ ၂ ဦးစလုံး သေဆုံးသွားကြောင်း သတင်းရရှိသည်။
တောင်ပိုင်းခရိုင် ရဲမှူးကြီး ကြည်လွင်က“လောလောဆယ် ပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ ထပ်ပြီး အမှုဖွင့်ထားတယ်။ တရားခံပြေးကို ဝင်ဖမ်းရင်း သူတို့တွေ ဓားနဲ့ ခုတ်သတ်ခံရတာ။ ၂ ယောက်လုံး သေသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ စက်တင်ဘာလ ၂ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်က သန်လျင်မြို့မ ရဲစခန်းမှ နယ်ထိန်း ရဲအုပ် အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့ ၂ ဦးက တရားခံပြေးဖြစ်သည့် တင်မြင့်ဆိုသူကို သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ သဘာဝအလှ တည်းခိုခန်း၊ အခန်းအမှတ် ၁၀၂ အတွင်း ဝင်ရောက်ဖမ်းဆီးစဉ် တရားခံပြေးက ဓားဖြင့် ထိုးသတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တရားခံပြေး တင်မြင့်က ရဲအုပ် အောင်နိုင်၏ လည်ပင်းကို အရိုး ၅ လက်မ၊ အသွား ၉ လက်မခွဲ ဓားဖြင့် လည်းကောင်း၊ ရဲတပ်ကြပ်သူရလွင်၏ ယာဘတ်ရင်အုံကို အရိုး ၅ လက်မ၊ အသွား ၉ လက်မ ဓားဖြင့်လည်းကောင်း ထိုးသွင်းခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတရားခံပြေးဖြစ်သူ တင်မြင့်ကို ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မ ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း၊ ထို့အပြင် ၄င်းမှာ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေသူဖြစ်ပြီး ၂၀၁၄ ခုနှစ် ကတည်းကပင် ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်ကြောင့် သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထောက်ပံ့ကြေးများ ပေးအပ်မည်ဟုလည်း သိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တရားခံပြေးတဦးကို ဖမ်းဆီးရန် စုံစမ်းခဲ့သည် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းရဲတပ်ကြပ် ချစ်ကိုကိုမောင်ကို အင်းစိန်မြို့နယ်မှ လူ ၂ ဦးက ဓားဖြင့် ခုတ်ခြင်း၊ ထိုးခြင်းတို့ကြောင့် နေရာတွင်ပင် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနှင့် တရားခံပြေးများကို ၂၀၁၄ ခုနှစ် ကတည်းက စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်အထိ ၃၅၆၄ ဦးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။