ယနေ့ညချန်ပီယံ လိဂ် အုပ်စုပွဲစဉ်တွင် အသင်း ဟောင်းရိုးမားကို ဘာစီလိုနာနှင့် ပြန်ရင်ဆိုင်ရမည့် နည်းပြလူးဝစ် အန်းနရစ်က အဝေးကွင်းပွဲစဉ် ၌ ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင် မည်ထင်ကြောင်း ထုတ်ဖော်ပြော သည်။
စပိန်လက်ရွေးစင်နှင့် ရိုးမား နည်းပြဟောင်း လူးဝစ်သည် ထို အီတာလျံအသင်းကို ၂၀၁၁-၁၂ ရာသီတွင် ကိုင်တွယ်ဖူးပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်မရ၍ အ သင်းမှ ထွက်ခွာခဲ့ရသည်။
သို့သော် ယမန်နှစ်ကမူ ၎င်း သည် ဘာကာနှင့် ချန်ပီယံလိဂ် အပါအဝင် ဖလားသုံးလုံး ရခဲ့ပြီး ရောမတွင် နည်းပြဖြစ်ခဲ့ရခြင်းမှာ ဘဝအတွက် ပိုကောင်းစေခဲ့ သည်ဟု ဆိုသည်။
‘‘ရိုးမားမှာ ကြုံတွေ့ခဲ့ရတာ က ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြ ဖြစ်စေခဲ့ပါတယ်။ ကျွန် တော့်အသင်းကို အဆင့်ပိုမြင့် စေချင်ခဲ့တယ်။ ဒီပွဲမှာ ကျွန်တော် တို့ ကောင်းကောင်း ကစားနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ အ သင်းက ငယ်ရွယ်ပြီး နားလည်မှု နဲ့ ဆက်ဆံရေးလည်း ပိုကောင်း လာမှာပါ’’ ဟု လူးဝစ်အင်းနရစ်က ဘာကာဝက်ဘ်ဆိုက်အား ပြော ကြားသည်။ ဘာစီလိုနာသည် ထိုပွဲတွင် နောက်ခံလူ ဗာမယ်လန်နှင့် ဗရာဘိုတို့ ပါဝင်မည်မဟုတ်သလို ဒန်နီအဲလ်ဗက်စ်လည်း ဒဏ်ရာ ကြောင့် ပါဝင်မည် မဟုတ်ပေ။
သို့သော် ပီကေးသည် ပွဲပယ် ပြစ်ဒဏ်မှ လွတ်လာပြီး ပြန်ပါနိုင်မည်ဟုဆိုသည်။
ရိုးမားတွင်လည်း ပဂျာနစ် မ ပါနိုင်သော်လည်း နိုင်ဂိုလန် ပါဝင် နိုင်မည်ဖြစ်သလို အသင်းခေါင်း ဆောင် တော့တီသည်လည်း ထိုပွဲ တွင် ဂိုးသွင်းနိုင်ပါက ရိုးမားအ တွက် ပြိုင်ပွဲအားလုံးသွင်းဂိုး ၃၀၀ ပြည့်မြောက်မည် ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။