စက်တင်ဘာ ၂၁၊ မြောက်ဦး။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့က ဆရာတော်တစ်ပါး လှည်လှီးသတ်ဖြတ်ခံရကြောင်းသတင်းရရှိသည်။
အသတ်ခံရသည့် ဆရာတော်မှာ မြောက်ဦးမြို့၊ ဝသဲရပ်ကွက်ရှိ တက္ကသီလဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခန္ဓီစာရဖြစ်ကြောင်းသိရသည်။
အသတ်ခံရသည့် ဆရာတော်၏ဆွေမျိုးများမှ ဆရာတော်ဆွမ်းခံမကြွ၍ ဘုန်းကြီးကျောင်းသို့ သွားရောက်ကြည့်ရှုရာ လည်ပင်တွင် ဓါးဒဏ်ရာတွင် သေဆုံးနေတာကို တွေ့ရကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်၏ ဆွေမျိုးများ ပြောပြချက်အရသိရသည်။
"ဆရာတော်က ပုံမှန်ဆွမ်းခံနေကျပါ။ ဒီနေ့က ဥပုသ်နေ့လည်းဖြစ်တယ်။ ဘာလို့ဆွမ်းခံမကြွတာလဲ။ နေမကောင်းများဖြစ်နေလား ဆိုပြီး ဘုန်းကြီးကျောင်းသို့ သွားကြည့်တာ။ အဲဒီမှာ လည်ပင်းမှာ ဓားဒဏ်ရာတွေနှင့် ပျံလွန်တော်မူနေတာကိုတွေ့ရတယ်" ဟု ၄င်း၏ဆွေမျိုးများမှပြောကြားသည်။
ယင်းအမှုနဲ့ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်အတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းအရင်းအမြစ်နှင့် ဓာတ်ပုံ: Khine Htay Shwe

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။