လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)

၁။ ဥက္ကဋ္ဌ- ဦးအာခီဒါဝူ။
၂။ ပါတီဝင်အရေအတွက်- ၅၀,၀၀၀ ခန့်။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ်တွင် ရှစ်မြို့နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ကယားပြည်နယ်တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တိုင်းရင်းသားများအပါအဝင် နိုင်ငံသားများ၏ ရပိုင်ခွင့်များ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြားနိုင်ငံရေးပါတီတို့ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
၅။ ပါတီဆောင်ပုဒ်- ပြည်သူ့အကျိုးရွက်ဆောင်ဖို့ ဒူးလေးပါတီကို မဲပေးစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ကျား/မ မရွေး ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် အချက်အလက်များနှင့်အညီ ရွေးချယ်သွားမည်။ ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကန့်သတ်ထားမှုမရှိပေ။ ကိုယ်စားလှယ်များ၏ အသက်အရွယ်ကိုလည်း ကော်မရှင်က ချမှတ်ထားသည့် ဥပဒေအတိုင်း ရွေးချယ်ထားသည်။
၇။ ပါတီရန်ပုံငွေ− ပါတီအဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၏ ထည့်ဝင်ငွေဖြင့် ရပ်တည်နေသည်။ မဲဆွယ်ကာလတွင် အကူအညီပေးမည့်သူများမရှိသေးပေ။
၈။ ပါတီနောက်ခံသမိုင်း- လီဆူတိုင်းရင်းသားများသည် နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုနည်းပါးနေခြင်းကြောင့် လီဆူတိုင်းရင်းသား ကျား/မ အားလုံး နိုင်ငံရေးတွင် စိတ် ပါဝင်စား၍ ပါဝင်လာစေရန် ပါတီတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကချင်၊ ကယား၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင် နေရာအနှံ့နေထိုင်ကြသည့် လီဆူတိုင်းရင်းသားများ ကွန်ရက်တစ်ခုအနေဖြင့် တစုတစည်းတည်း စုပေါင်းနိုင်ရန် ပါတီတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ဩဂုတ်တွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခဲ့ပြီး ဒီဇင်ဘာ၌ ပါတီတည်ထောင်ခွင့်ပြုခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
အန်ကယ်တို့ပါတီအနေနဲ့ အာဏာရပါတီတစ်ခုဖြစ်လာမှာတော့ မဟုတ်ဘူး။ ပါတီငယ်ပဲဖြစ်လာမှာပါ။ ဒါပေမဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ကတော့ ကြိုးစားလုပ်ဆောင်သွားမယ်။ လွှတ်တော်ထဲမှာ တပ်မတော် သား ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြင်ချင်တယ်။ ပြင်ချင်ပေမယ့်လည်း အများရဲ့ဆန္ဒအတိုင်း အခြေခံဥပဒေကို ပြင်ဆင်သွားမယ်။ တခြားပါတီ တွေနဲ့လည်း ပူးပေါင်းပြီးတော့ အခြေခံဥပဒေပြင်ဆင်နိုင်အောင် လက် တွဲဆောင်ရွက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ပါတီအနေနဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေက ကျေနပ် လက်ခံမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေး သွားမယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင် ရွက်သွားမယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ညှိနှိုင်းဖို့ကလည်း အဆင်သင့်ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရဘက်ကဖြစ် နေတဲ့ တိုက်ပွဲတွေငြိမ်းချမ်းဖို့အတွက် လွှတ်တော်မှာ ဆောင်ရွက်သွားဖို့ လည်း ဆန္ဒရှိပါတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
အခြေခံလူတန်းစားတွေ ထမင်းဝဝစားနိုင်ဖို့အတွက်၊ ပြည့်ပြည့်စုံစုံ နေနိုင်ဖို့အတွက် အန်ကယ်တို့ပါတီအနေနဲ့ စဉ်းစားထားပြီးသားပါ။ ပြည် သူလူထုရဲ့ စားဝတ်နေရေးအဆင်ပြေဖို့အတွက်က အန်ကယ်တို့ရဲ့ အဓိကရည်မှန်းချက်ပါ။ အခြေခံလူတန်းစားတွေအတွက် လုပ်ငန်းအခွင့် အလမ်းတွေ များများရရှိအောင် ကူညီပေးဖို့ စဉ်းစားထားပါတယ်။ လူ ငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ များများရရှိအောင်လုပ်ပေး ဖို့လည်းရှိပါတယ်။
ပြည်သူတွေက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ကို ဘာကြောင့် မဲပေးသင့်သလဲ။
အန်ကယ်တို့ပါတီက ပြည်သူလူထုအပေါ်အခြေခံပြီး ဖွဲ့စည်းထား တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ အန်ကယ်တို့က ပြည်သူတွေကို အမိန့်ပေးပြီး ဆက်ဆံတာမျိုးမဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒသဘောထားအတိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေအနေနဲ့ မဲပေးသင့်တယ်လို့ ယုံကြည်လာရင် အန်ကယ်တို့ပါတီကို မဲပေးလာကြမှာပါ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းပြည်အတွက် အနစ်နာခံပြီး ကိုယ်ကျိုးစွန့်တဲ့လူမျိုးကို သမ္မတအဖြစ်ရွေးချယ်သွားမယ်။ နောက်ပြီး အာဏာရှင်စနစ်ဆန်ဆန် တိုင်း ပြည်ကို အုပ်ချုပ်တဲ့သူမျိုးမဟုတ်တဲ့သူ၊ စစ်တပ်နဲ့ အစိုးရအဖွဲ့တွေနဲ့ လုံးဝမပတ်သက်တဲ့သူကို ရွေးချယ်မယ်။ အန်ကယ်တို့ကတော့ ပြည်သူထဲက အရည်အချင်းပြည့်ဝတဲ့သူကို မဲပေးချင်တယ်။ သမ္မတအဖြစ် ရွေးချယ် ချင်တယ်။
ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၅၁) နှစ်။
ပညာအရည်အချင်း- ၁၀ တန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ယခင်က ပြည်ခိုင်ဖြိုးပါတီတွင် ပြည်နယ်စည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ၂၀၁၃ တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို တည်ထောင် ကာ ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအလုပ်အကိုင်- စိုက်ပျိုးရေးလုပ်ငန်း။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၈/၁၃)၊ ခေမာသီရိလမ်း သွယ် ၁၃၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။ ဖုန်း- ၀၉၄၇၀၁၀၀၆၁၊ ၀၇၄၂၈၁၉၂။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။