ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးစတင်

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၂၇



ရခိုင်အမျိုးသားပါတီမှ ရန်ကုန်တိုင်းဒေသကြိံးတွင် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်လူမျိုး တွေကို ရခိုင်အမျိုးသားပါတီမှဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရှိကြောင်း အသိ(Message) သွားပေးတာပါ။ နောက်နေ့တွေမှာပဲ မဲဆွယ်ဟောပြောမှုတွေလုပ်မှာပါ။ ဒီနေ့ ကတော့ သွားပြီး အသိပေးရုံ လောက်ပါ"ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြိံး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။

လှိုင်သာယာ အထည်ချုပ် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်သည့် မခိုင်သန်း ဌေးမှလည်း" ဒီမှာ နေတာကြာပြီဖြစ်လို့ မဲပေးခွင့် ရပါတယ်။ ရခိုင်ပါတီကိုပဲ မဲပေးမှာပါ။ ကိုယ့်ရခိုင် ပါတီက လာရောက်မဲဆွယ်တာကို ဝမ်းသာ ကြိုဆိုပါတယ်" ဟု ဆိုသည်။

ရန်ကုန်တိုင်းပါတီအောင်နိုင်ရေးဦး ဆောင်သူ ဦးဘဆွေက " ဒီနေ့ကတော့ ကိုယ်စား လှယ်လောင်း အများစုဝင်ရောက် ယှဉ်ပြိုင်မယ့် လှိုင်သာယာနှင့် ရွှေပြည်သာ တို့ကို စဆင်းတာပါ။နောက်နေ့တွေ မှာတော့ ဟောပြောစည်းရုံးမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားမှာပါ" ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြိံးတွင် ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြိံးနေရာအပါအ၀င် တိုင်းဒေသကြိံး မဲဆန္ဒနယ် အမှတ် (၁)၊ (၂) ပြည်သူ့နှင့် အမျိုးသားလွှတ် တော် စသည့်ကိုယ်စားလှယ်လောင်း ၉ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြိံးတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံးရေရာအား ရခိုင်အမျိုးသားပါတီမှ လက်ရှိ ဝန်ကြိံး ဦးဇော်အေးမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်စောဝေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မှ ဦးမောင်မောင်ကျော်တို့ အသီးသိံးဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတွင် ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြိံး စသည့် ကိုယ်စားလှယ်လောင်းများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၇၈ ယောက် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။