တက္ကစီငှားစီးသူကို အုပ်စုဖွဲ့လုယက်သူများ ဖမ်းမိ

ကမာရွတ်မြို့နယ် နာ နတ်တောခုံးကျော်တံတားအောက် တွင် အငှားယာဉ်ဖြင့် လုယက်မှု ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိ ခဲ့ကြောင်းသတင်းရရှိသည်။


ဖမ်းဆီးရမိခဲ့သည့် ပြစ်မှု ကျူးလွန်သူလေးဦးသည်လှိုင်သာ ယာမြို့နယ်အတွင်း နေထိုင်သူ များဖြစ်ပြီး ကားကို အခေါက်စား ဖြင့် မောင်းနှင်သူများဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းကပြောသည်

‘‘သူတို့တွေအကုန်လုံး ကား မောင်းတတ်တယ်။ ရပ်ကွက်ထဲ မှာ မောင်းမယ့်သူမရှိရင် သူတို့က တစ်ခေါက်ဘယ်လောက်ဆိုပြီး အခေါက်စားမောင်းတယ်။ ပြစ်မှု ကျူးလွန်တာကတော့ လွယ်လွယ် ရလို့လုပ်တာ။ သူတို့တွေအားလုံး တစ်ယောက်နဲ့တစ်ယောက် ကား မောင်းပြီး သိနေတာ။ ကျန်တာ တော့ ဆက်ပြီးစစ်နေတုန်းပဲ’’ဟု ဒုရဲမှူးမြင့်လွင်သန်းက ပြော သည်။

ပြစ်မှုကျူးလွန်သူများသည် စက်တင်ဘာ ၁၆ ရက် ညဥ့်သန်း ခေါင် ၁ နာရီကျော်တွင် လှိုင်မြို့နယ်မှ မြေနီကုန်းသို့ ကားငှားစီး သည့် ခရီးသည်ကို နာနတ်တော ခုံးကျော် တံတားအောက်အ ရောက်၌ လုယက်ပြီး ကားပေါ်မှ တွန်းချခဲ့ခြင်းဖြစ်ကြောင်း လုယက်ခံရသူ၏အစ်ကိုက ပြော သည်။

‘‘ညဘက်လည်းဖြစ်တယ်။ မှောင်နေတော့ ကားရှေ့ခန်းမှာ လူပိုပါတာသိတယ်။ ပါလာတဲ့ သူကလည်း ရှေ့မှာဆင်းမယ်ပြော တော့ ငှားစီးလိုက်တယ်။ ခုံးတံ တားအောက်ကလည်း မှောင်နေ တော့ နောက်ခန်းမှာ ပုန်းပြီးပါ လာတဲ့တစ်ယောက်က လည်ပင်း ညှစ်တယ်။ ရှေ့ခေါင်းခန်းကတစ် ယောက်က နောက်ရောက်လာပြီး ဓားထောက်တယ်။ ဖုန်း Pass-word  နံပါတ်ဖွင့်ခိုင်းတော့ ဖွင့်ပေးပြီးမှ ကားမောင်းပြီး တံခါး ဖွင့်ကန်ချခဲ့တာ’’ဟု ၎င်းကပြော သည်။

လုယက်မှု ကျူးလွန်သူများ မောင်းနှင်ခဲ့သည့်ကားမှာ ဘုရင့် နောင်လမ်းမတွင် စက်တင်ဘာ ၁၂ ရက် ည၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဉ်နံပါတ်ကို စစ်ဆေးတွေ့ရှိရာမှ ပြစ်မှုကျူး လွန်သူသုံးဦးကို အဆိုပါညတွင် ဖမ်ဆီးနိုင်ခဲ့ကြောင်း ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘အမှုဖြစ်တော့ ကားနံပါတ် ကို တိုင်တဲ့နေရာမှာနံပါတ်မှားနေ တယ်။ ကညနရုံးကို မေးတော့ လည်း အခုလုယက်မှုကျူးလွန်တဲ့ ကားက ပိုင်ရှင်သုံးယောက် လောက် အရောင်းအ၀ယ်လုပ်ပြီး  စာရင်းကပျောက်နေတယ်။ ယာဉ်တိုက်မှုဖြစ်လို့ ယာဉ်ပိုင်ရှင်ခေါ် မေးမှ အမှုမှာပါတဲ့သူတွေ အကုန် ရတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

လုယက်မှုကျူးလွန်ခဲ့သည့် သက်ဇော်ဦး(ခ)စံကီး (၁၉) နှစ်၊ အောင်အောင်ဇော်(ခ) ဂိုးဒင်း (၂၁) နှစ်၊ ခင်ဇော်ထွန်း (ခ) အင် ဂျင်ဝိုင် (၂၉) နှစ်နှင့်အောင်မိုးဟိန်း (၂၀) နှစ်တို့ကို ကမာရွတ်မြို့မ ရဲ စခန်းက ပြစ်မှုပုဒ်မ ၃၈၂/၂၀၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။