တိုင်းရင်းသားဘာသာစကား ၁၀ မျိုးဖြင့် ရေးသားထားသည့် ၀တ္ထုတိုပေါင်းချုပ် စာအုပ်ထွက်မည်

မြန်မာနှင့် တိုင်းရင်းသား ဘာသာစကား ၁၀ မျိုးဖြင့် ရေး ထားသော ‘‘တိမ်မြုပ်နေသော စကားလုံးများ၊ တိမ်မြုပ်နေသော လောကများ’’၀တ္ထုတိုပေါင်းချုပ် စာအုပ် ၁,၀၀၀ ကို စတင်အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တိုင်းရင်းသားဘာသာ ၁၀ မျိုးဖြစ်သည့် ကချင်၊ ကယား၊ ကယော၊ ကယန်း၊ စကောကရင်၊ ပိုးကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း ဘာသာတို့ဖြင့် ရေးသားထား သော ၀တ္ထုတိုပေါင်း ၂၈ ပုဒ်ပါဝင် သည်။

‘‘အုပ်ရေ ၁,၀၀၀ ထုတ်ထား တယ်။ တိုင်းနဲ့ ပြည်နယ် ခုနစ်ခု ဖြန့်ဝေမယ်။ မြန်မာပြည်က စာကြည့်တိုက်တချို့မှာ ထားမယ်။ ရောင်းဖို့တော့ အစီအစဉ်မရှိဘူး’’ ဟု ဗြိတိသျှကောင်စီအနုပညာ ပရိုဂရမ်မင်း မန်နေဂျာ ဒေါ်ကြည်ကြည်ပြုံးက ပြောသည်။

ထိုစာအုပ်ကို ထပ်မံပုံနှိပ် မည်ဖြစ်ပြီး မူရင်းတိုင်းရင်းသား ဘာသာအပြင် မြန်မာဘာသာပြန် ပါ ပူးတွဲဖတ်ရှုနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထား သော စာအုပ်ကိုလည်း ဗြိတိန် နိုင်ငံတွင် မကြာမီပုံနှိပ်ထုတ်ဝေ မည်ဖြစ်သည်။

အဆိုပါစာအုပ်ဖြန့်ချိပွဲသို့ စက်တင်ဘာ ၂၇ ရက်က ရန်ကုန် မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှ ကောင်စီစာကြည့်တိုက်တွင် စာ ရေးဆရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် စာပေအသင်းအဖွဲ့များ မှ တာဝန်ရှိသူများနှင့် စာပေမြတ် နိုးသူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြ သည်။

မြန်မာနိုင်ငံ ပြည်နယ်ဒေသအသီးသီးမှ တိုင်းရင်းသားတို့၏ရသစာပေကို ဖော်ထုတ်ပေးခြင်း ဖြစ်ပြီး ဝေးလံခေါင်ဖျားသော အရပ်ဒေသမှ ရွက်ပုန်းသီးစာပေ ပညာရှင်များ၏ လက်ရာကို မြည်း စမ်းခွင့်ရမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမြန်မာညွှန်ကြားရေးမှူး Kevin Mackenzie ကပြောသည်။

ထိုစာအုပ်တွင် တိုင်းရင်း သားလူမျိုးစာရေးဆရာများက ၎င်းတို့ မူလတိုင်းရင်းသားဘာသာ စကားဖြင့် ရေးသားထားသော ခေတ်ပေါ်ဝတ္ထုတိုများကို ယခုပွဲ ၌ ပထမဆုံးအကြိမ်ကိုယ်စားပြု တင်ဆက်ခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှကောင်စီမှ ကြီးမှူးသည့် ၀တ္ထုတိုအလုပ်ရုံဆွေးနွေးပွဲများမှ တစ်ဆင့်မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားဘာသာနှင့် စာပေ ဆိုင်ရာတို့တွင် တီထွင်ဆန်းသစ်မှု နှင့် ပွင့်လင်းလွတ်လပ်စွာ ထုတ်ဖော်ခွင့်အား ပံ့ပိုးပေးသော အထူး အစီအစဉ်တစ်ရပ်ကို လွန်ခဲ့သော၂ နှစ် ကာလမှ စတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။