အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုက်ဘာရာဇ၀တ် မှုတွေ ကို နှိမ်နင်းရာမှာ အမေရိကန်နဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
“တရုတ်အစိုးရဟာ စီးပွားရေးအချက်အလက်တွေကို ခိုးယူရာမှာ ပါဝင်ခြင်းမရှိသလို သူတို့အစိုးရကိုယ်တိုင်လည်း ဟက်ကာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း၊ အချက်လက်ခိုးယူသူတွေ ဟက်ကာတွေကို နိုင်ငံတကာ သဘောတူညီချက်အရ အရေးယူရမယ်လို့” တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
အဲဒီအတွက် ဆိုက်ဘာရာဇ၀တ်မှုတွေကို နှိမ်နင်းရာမှာ အမေရိကန်အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိင်ငံ အနေနဲ့ အဆင်သင့်ဖြစ်နေပါပဲလို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ လများအတွင်းက တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံအပေါ် အင်တာနက်သူလျှိလုပ်ခဲ့ တယ်လို့ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်- တရုတ်ဆက်ဆံရေးထိခိုက်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မနေ့က အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ကို စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။