ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ‘၀’ နှင့် နာဂ ပါဝင်လာရေး တရုတ်နှင့် အိန္ဒိယအခြေအနေများကို ထည့်သွင်းစဉ်းစား

ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ−နစ်ကီ)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ‘၀’၊ မိုင်းလား၊ နာဂအဖွဲ့များပါဝင်ရေး ဆောင် ရွက်ရာတွင် အိမ်နီးချင်း တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ အခြေအနေများကို ထည့်သွင်း၍ သတိထားဆောင် ရွက်ရကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦး အောင်မင်းက ပြောကြားသည်။
စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဦးအောင်မင်းနှင့် မြန် မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဗဟိုဌာန (MPC) တာ ၀န်ရှိသူများက နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီ ချက်စာချုပ် (NCA) လက်မှတ်ရေး ထိုးပြီးပါက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ပါတီများနှင့် တွေ့ဆုံစဉ် ‘‘ကျွန်တော်တို့လုပ်တဲ့အခါမှာ တော်တော်လေးကို သတိထားပြီး ဆောင်ရွက်ရပါတယ်။ ဥပမာအားဖြင့် ‘၀’အဖွဲ့နဲ့ မိုင်းလားအဖွဲ့ဆို ရင် တရုတ်ပြည်နဲ့ ဆက်စပ်နေပါ တယ်။ တရုတ်ပြည်ရဲ့ လုံခြုံရေး ကိုလည်း ကျွန်တော်တို့ ကြည့်ရပါ တယ်။ ဥပမာ- နာဂဆိုရင်လည်း အိန္ဒိယနဲ့ ဆက်စပ်နေတဲ့အတွက် အိန္ဒိယအစိုးရရဲ့ သဘောထားကို လည်း ကျွန်တော်တို့က ရယူရမှာ ဖြစ်ပါတယ်’’ဟု ဦးအောင်မင်းက ပြောသည်။
UPWC နှင့် ‘၀’၊ မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များသည် စက်တင်ဘာ  ၁၂ ရက်က ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ‘၀’နှင့် မိုင်းလားအဖွဲ့တို့က NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ပေါ်လစ်ဗျူရိုအစည်းအဝေး   ပြု လုပ်၍ ဆုံးဖြတ်မည်ဟု ပြောကြား ခဲ့ကြောင်း ဦးအောင်မင်းက နိုင်ငံ ရေးပါတီများအား ရှင်းလင်းခဲ့ သည်။
ထို့အပြင် နာဂအဖွဲ့ (NSCN-K) နှင့် UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်းတို့ စက်တင်ဘာ ၁၆ ရက်၌ တွေ့ဆုံ၍ NCA လက်မှတ်ရေးထိုး ရန် ဆွေးနွေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
‘၀’၊ မိုင်းလားနှင့် နာဂအဖွဲ့ တို့မှ တာဝန်ရှိသူများက NCA တွင်ပါဝင်လက်မှတ်မရေးထိုးသော် လည်း နိုင်ငံရေးဆွေးနွေးပွဲများ တွင် ပူးပေါင်းပါဝင်မည် ဖြစ် ကြောင်း ယခင်က ပြောကြားဖူး သည်။
NCA ကို အောက်တိုဘာ ပထမပတ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ကိုးဖွဲ့ခန့်နှင့် လက်မှတ်ရေးထိုး နိုင်ရန် အစိုးရဘက်က မျှော်လင့် ထားသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။