ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အာလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် ရခိုင်ဝန်ကြိံး ဦးဇော်အေးမောင် တိုက်တွန်း

ကောင်းမြတ်နိုင်(မောင်တော)
ရန်ကုန်၊စက်တင်ဘာ ၂၅



မေတ္တာမျှဝေလူငယ်များ လူမှု ကူညီရေးအဖွဲ့၏ ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်းရှိ ဓညဝတီသာသနာပြုကျောင်းတိုက်၌စက်တင်ဘာလ ၂၅ရက်နေ့ နံနက်၉နာရီကပြုလုပ်ရာတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံးဦးဇော်အေးမောင်က ရခိုင်ပြည်နာပြန်လည်ထူထောင်ရေးကို အားလုံးဝိုင်းဝန်း
ဆောင်ရွက်ကြရန် တိုက်တွန်းသွား ခဲ့သည်။

"ရခိုင်ပြည်နယ် ပြန်လည်ထူ ထောင်ရေးဟာ တစ်သင်း၊တစ်ဖွဲ့တည်း ကူညီဆောင်ရွက်တာနဲ့ မလုံလောက်ပါဘူး။ ရခိုင်သဟာယအသင်း၊မြို့နယ် အသင်းတွေ၊တခြား အသင်းအဖွဲ့တွေ နဲ့ ဒီမေတ္တာမျှဝေ လူငယ်တွေ
ဆောင်ရွက်ကြသလို အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်း ပါတယ်"ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံးဦးဇော်အေးမောင်က ဆိုသည်။

ထိုအပြင် "ဒီလိုမျိုး မေတ္တာ စေတနာအပြည့်နဲ့ ဆောင်ရွက်နေကြ တဲ့ လူငယ်တွေ၊အသင်းအဖွဲ့တွေ အားလုံးကို အသိအမှတ်ပြု အားပေး ပါတယ်။ဂုဏ်လည်းယူပါတယ်"ဟု ၎င်း က ဆက်လက်ဆိုသည်။
မေတ္တာမျှဝေလူငယ်များ လူမှုရေးအဖွဲ့၏ ဦးဆောင်သံဃာတော် တစ်ပါး ဖြစ်သည့် ဦးဇာဂရမှလည်း "ဦးဇင်းတို့ မေတ္တာမျှဝေအဖွဲ့ဟာ သစ္စာမှန်လို့ အောင်မြင်ခဲ့တာပါ။ ဒီအဖွဲ့သားတွေ အကုန်လုံးဟာ
ခရီးစဉ်တစ်လျှောက်မှာ မိမိတို့ အသုံးစရိတ်စကငွေကိုကိုယ်ပိုင်ငွေ ကပဲ သုံးခဲ့ကြလို့ဖြစ်ပါတယ်" ဟု မိန့်ကြားသည်။

"မေတ္တာတရားရှိတဲ့ ရခိုင်လူမျိုး တွေရဲ့ပေါင်းစည်းဆောင်းရွက်မှု တွေနဲ့ ရခိုင်ပြည်နယ်၊ရခိုင်လူမျိုးတွေ ရဲ့ လိုအပ်ချက်တွေကို ဆက်လက် ဆောင်ရွက်သွားမှာပါ"ဟု အဖွဲ့ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဥိံးကိုကိုကြိံးကဆိုသည်။

မေတ္တာမျှဝေလူငယ်များ လူမှု ရေးအဖွဲ့၏ ဘဏ္ဍာရေးမှူးမနီနီဆန်း မှလည်း"မေတ္တာမျှဝေလူငယ်တွေဟာ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ တစ်ထောင့်တစ် နေရာမှာ ဆက်လက်ရှိနေဦးမှာပါ"ဟုဆိုသည်။

မေတ္တာမျှဝေလူငယ်များ လူမှုရေးအဖွဲ့သည် ရခိုင်ပြည်နယ် ရေဘေး ကယ်ဆယ်ရေးတွင် အစောဆုံးနှင့် နေရာအများအပြား သို့ သွားရောက် ကူညီခဲ့သည့်အဖွဲ့ ဖြစ်သည်။ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ကျောက်တော်၊မြောက်ဦး၊ပုဏ္ဏားကျွန်း စသည့် ဒေသများတွင် ကျပ်သိန်းပေါင်း နှစ်ထောင် ခြောက်ရာကျော် (၂၆၄၄၂၃၁၄၅)ကျပ်တန်ဖိုးရှိ ပစ္စည်း မျိုးစုံကို သွာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့်အခမ်းအနား တွင် ရခိုင်ပြည်နယ်ရေးဘေးကြောင့် အသက်ဆုံးရှုံးခဲ့ကြသည့် ပြည်သူများအား ရေစက်သွန်းချ အမျှ ပေးဝေကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရေဘေး ကယ်ဆယ်ရေး ခရီးစဉ်တွင် ရေဘေး ကြောင်းအသက်ဆုံးရှုံးသွားခဲ့သူ
တစ်ဦးလျှင် ကျပ်တစိသိန်းစီကူညီ ထောက်ပံ့ပေးခဲ့ကြောင်းလည်းသိရသည်။

"ကျွန်တော်တို့အဖွဲ့ရဲ့လက်ကျန် သိန်းခုနှစ်ရာကျော်ကို စာသင်ကျောင်း တွေဆောင်လုပ်လှူဒါန်းနေပါတယ်။ မြောက်ဦးမြို့ မြတန်းဆောင် ဘုန်း တော်ကြိံးသင်ပညာရေးကျောင်းအတွက် သိန်းသုံးရာ (၃၀၀)၊ကျောက်တော် လိပ်မကြိံးရွာ ဘုန်းတော်ကြိံးသင် ပညာရေးကျောင်း အတွက် ကျပ်သိန်း နှစ်ရာ(၂၀၀)နဲ့မင်းပြား ကံဖေကျေးရွာ မူလတန်းကျောင်း အတွက် ကျပ်သိန်း နှစ်ရာ(၂၀၀)တန်တို့ ဆောက်လုပ်နေ ပါတယ်"ဟု အဖွဲ့၏ ဦးဆောင်သူတစ် ဦးဖြစ်သည့် ကိုခိုင်မိုးထွန်းက နိရဉ္စရာ သို့ ပြောသည်။

မေတ္တာမျှဝေလူငယ်များ လူမှုရေးအဖွဲ့ကို ဖွဲ့စည်းပုံရေးဆွဲကာ အသင်း မှတ်ပုံတင်ပြီး လူမှုရေးလုပ်ငန်းများဆက်လက် လုပ်ဆောင်သွားကြ ရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံး ဦးဇော်အေးမောင်က အကြံပေးတိုက်တွန်းသွားခဲ့ကြောင်းသိရသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။