‘‘ပိန်သွားအောင် အဆီထုတ်တာမျိုးလုပ်ရင် လှမယ်ဆိုရင်တောင် အစ်မဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး’’

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်
တီဗီကြော်ငြာများတွင် ပရိသတ် အကြိုက်ဖြစ်ခဲ့ပြီး ဟာသဇာတ် ရုပ်၌လည်း အံဝင်ခွင်ကျသရုပ် ဆောင်နိုင်သည့် ပြည်သူ့အချစ် တော် ပွင့်နှင့် လတ်တလောအနု ပညာလှုပ်ရှားမှုနှင့် အလှအပ အပေါ် သဘောထားတို့ကို မေး မြန်းဖြစ်ခဲ့ပါသည်။
လတ်တလော အစ်မရဲ့အနုပညာ လှုပ်ရှားမှုတွေ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေမှာ အတွေ့ ရနည်းလာတဲ့အပေါ် ပြောပြပါ ဦး။
အခုလတ်တလောမှာတော့ ဗီဒီယိုလေးတွေရိုက်ဖြစ်တယ်။ MRTV-4 အစီအစဉ်လေးတွေနဲ့ ရေဘေးပရဟိတပွဲလေးတွေမှာ လည်း သီချင်းလေးတွေဆိုပေးနေ ပါတယ်။ စက်တင်ဘာ ၁၅ ရက် ကျရင်တော့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)နဲ့ ‘မယားကြောက်ရွာ’ ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ ရှိပါတယ်။ အရင်ထက်စာရင် ကားရိုက်တာနည်းသွားတာလား ဆိုတော့ အခုအစ်မက MRTV-4 နဲ့ ပိုရိုက်ဖြစ်နေတယ်လေ။ သီချင်းဆိုတဲ့ဘက်ကိုလည်း နည်းနည်းမျှ လုပ်ဖြစ်နေတာကြောင့်ပါ။ ဗီဒီယို လည်းရိုက်တယ်။ ဇာတ်လမ်းတွဲ လေးတွေလည်း ရိုက်ဖြစ်နေတယ် ပေါ့။
သီချင်းပိုင်းကို လုပ်ဖြစ်နေတယ် ဆိုတော့ တစ်ကိုယ်တော်အခွေ ထုတ်ဖို့ရှိပါသလား။
အခွေလုပ်ဖို့အစီအစဉ်တွေ ရှိတယ်။ မိတ်ဆွေတွေနဲ့ တိုင်ပင် ကြည့်နေတယ်။ စတော့မစရသေး ဘူးပေါ့။ အဆိုဘက်ကိုလည်း မပွင့်က အရမ်းဝါသနာပါတယ်။ စဉ်းစားနေတယ်။ စုပေါင်းအခွေ တွေမှာတော့ ဆိုဖြစ်နေတယ်။တစ်ကိုယ်တော်အခွေကိုလည်း လုပ်မလားလိုတော့ စဉ်းစားနေတယ်။ ဒါပေမဲ့လည်း ဂီတဘက်မှာက ခိုးကူးကိစ္စတွေနဲ့ဆိုတော့ အခွေထုတ်မယ်ဆိုရင်တောင် မပွင့်က ပိုက်ဆံချမ်းသာလို့လည်း လုပ်တာမဟုတ်ဘူးလေ။ ကိုယ့်ချွေးနှဲစာလေးနဲ့လုပ်ရမှာပါ။ ပရိသတ်အားပေးမယ်ဆိုရင်တော့ တစ်ကိုယ်တော်အခွေလေးလုပ် ချင်တယ်။
တစ်ကိုယ်တော်အခွေထုတ်ဖြစ် မယ်ဆိုရင် မပွင့်အနေနဲ့ ဘယ်လိုမျိုးသီချင်းတွေကိုပါဝင်ဖြစ်မလဲ။ ဒီနောက်ပိုင်းမှာ ကိုယ်ပိုင်သီချင်း တွေကော ဆိုဖြစ်နေပြီလား။
ကိုယ်ပိုင်သီချင်းတွေတော့ရှိ တယ်။ ပွဲတွေမှာတော့ များသော အားဖြင့် ကိုယ်ပိုင်သီချင်းတွေ တော့မဆိုဖြစ်ဘူး။ ပရိသတ်နဲ့ အရမ်းမရင်းနှီးသေးဘူးလေ။ ဒါ ကြောင့် ကိုယ့်အစ်မတွေ၊ ညီမ တွေရဲ့ ပေါက်သီချင်းလေးတွေပဲ ဆိုဖြစ်ပါတယ်။ ကိုယ့်သီချင်းတွေ တော့နည်းတယ်။
အနုပညာလောကမှာလည်း ထိုက် သင့်သလောက်နေရာတစ်ခုရနေ ပြီဆိုတော့ မပွင့်အနေနဲ့ ပရိသတ် အတွက် ဘယ်လိုမျိုးအနုပညာ တွေချပြချင်ပါသေးလဲ။
လူဆိုတာက အချိုလေးစား နေတဲ့အချိန်မှာ အချဉ်လေးစား ချင်တယ်။ အချဉ်ချည်းစားနေတဲ့ အချိန်မှာလည်း အစပ်လေးပါစား ချင်တယ်ဆိုတော့ အရသာလေး ကိုတော့ မျိုးစုံပေးချင်တယ်။ အနုပညာရှင်က ဇာတ်ကောင်ကို ရွေးချယ်တယ်ဆိုတာထက် ဇာတ် ကောင်က အနုပညာကိုရွေးချယ် သွားတာပါ။ ဒါကြောင့်မို့ ဇာတ်နဲ့ လိုက်ဖက်မယ်ထင်လို့ ပရိုဂျူဆာ တွေ၊ ဒါရိုက်တာတွေကလည်း လိုက်မယ်ထင်ရင်၊ ပရိသတ်ကြီး ကလည်း လိုက်ဖက်မယ်ထင် တယ်လို့ဆိုရင် ကိုယ်မလုပ်ဖူးတာ လေးလုပ်ကြည့်ချင်တယ်။ မပွင့် အနေနဲ့ဆိုရင်တော့ တစ်ကားလုံး ကို အပျော်လေးနဲ့ ပေါ့ပေါ့ပါးပါး လေးသွားပြီး နောက်ဆုံးကျမှ သနားစရာကောင်းတဲ့ပုံစံမျိုးလေး ပေါ့။ ဥပမာ သေမယ်ဆိုတာကို ကြိုသိနေလို့ လူတွေအားလုံးကို ပျော်စရာလေးတွေလုပ်တာမျိုး ပေါ့။ ဒါပေမဲ့ လူကွယ်ရာရောက် ရင် သူက အရမ်းသနားစရာ ကောင်းတဲ့ ကောင်မလေးမျိုးဖြစ် သွားမယ်။ နောက်ဆုံးကျတော့ လည်း သေသွားတယ်ပေါ့။ ဒီလို ဇာတ်ရုပ်လေး အစ်မအရမ်းလုပ် ချင်တယ်။ လူတွေကြားထဲမှာ အရမ်းပျော်တဲ့ကာရိုက်တာမျိုး။ သူ့ရဲ့ ဘယ်အချိန်ဟာ နောက်ဆုံး လဲဆိုတာ သိနေမယ်။ ဒါကြောင့် အားလုံးကို ပျော်အောင်ပေးဆပ် သွားတာမျိုးလေးပေါ့။ မပွင့်ကိုယ် တိုင်လည်း မရိုက်ဖူးသေးပါဘူး။
အခုနောက်ပိုင်းမှာ လူငယ်တွေ အလှတရားကို ဝယ်ယူလာကြတဲ့ အပေါ်မှာ မပွင့်အနေနဲ့ ကိုယ့်ခန္ဓာ ကိုယ်အပေါ်မှာ ပြောင်းလဲပစ်ချင် တဲ့အရာရှိလား။
အစ်မလုပ်မလားမေးရင် တော့ အစ်မဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ အစ်မသည် ဘုရား ကပေးတဲ့၊ သဘာဝကပေးတဲ့ အရာကို နှစ်သက်တယ်။ ဒါက ကိုယ်လှလို့လားဆိုတော့မဟုတ် ဘူး။ သဘာဝက ပေးတဲ့အရာတွေ၊ ကံတရားကပေးတဲ့အရာတွေကိုပဲ လက်ခံတယ်။ တစ်ခုခုကို ဖန်တီး ပြီး ကိုယ်လှသွားတယ်ဆိုတာမျိုး ကို မမက်မောဘူး။ သူများက ဒီ ကောင်မလေးနှာခေါင်းလေးပြင် လိုက်တာလှသွားတယ်ဆိုတာ ပြောတာကို အစ်မလက်ခံတယ်။ ဥပမာ ပိန်သွားအောင် အဆီထုတ် တာမျိုးတို့လုပ်ရင် လှမယ်ဆိုရင် တောင် အစ်မဘယ်တော့မှလုပ် ဖြစ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မသည် သဘာဝက ပေးတဲ့အရာအားလုံးကို လက်ခံ တယ်။ ဘယ်တော့မှ အတုအ ယောင်တစ်မျိုးအနေနဲ့ မဖန်တီး ချင်ဘူး။ ဓာတ်ပုံရိုက်ရင်တောင် များသောအားဖြင့် 360 သုံးရင် တောင် စိတ်မသန့်ဘူးပေါ့နော်။ ဒါငါ့မှာရှိတဲ့ အရာမှမဟုတ်တာ ဆိုတဲ့ စိတ်လေးရှိတယ်။ ပွင့်အနေ နဲ့လုပ်မလားဆိုရင်မလုပ်ဘူး။ ကန့်ကွက်လားဆိုတော့လည်း မကန့်ကွက်ပါဘူး။
ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။