
ဂျာနယ်တစ်ခုတွင် ဖေါ်ပြပါရှိသည့် ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူးတွင်ရွှေဝါရောင် သံဃာများ သမိုင်းကို ညှိုးနွှမ်းစေကြောင်း ပြောကြားချက်နှင့်ပတ်သက်ပြီး ရွှေဝါရောင်သံဃာများကွန်ယက် (အထက်မြန်မာပြည်) မှ ဆရာတော် ဦးသောဘိတက စက်တင်ဘာ ၈ ရက် ညနေ ၂ နာရီခွဲက ၀ါခင်းကုန်းဘုရားအနီး ဣစ္ဆာသရ ကျောင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မိန့်ကြားသည်။
“ရွှေဝါရောင်သံဃာတွေထဲမှာ လည်း လာဘ်စားမှုတွေ ရှိနေခဲ့တယ်။နိုင်ငံရေးမှာနာမည်ကြီးနေတဲ့ ရွှေဝါရောင်ကိုယ်တော်တွေကိုယ်တိုင် ဘင်္ဂါလီတွေကို သယ်ခဲ့ဖူးတယ်။”ဟု ဦးဝီရသူက ရွှေဝါရောင်သံဃာထုအား စွပ်စွဲမှုကို ငြင်းချက်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒါတွေကို မဖြေရှင်းရင် သူတို့က ဒီစာတွေကို ဖြန့်မယ်၊ ဒါကြောင့်သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းတာပါ။ တဦးတယောက်ကိုနှိပ်ကွပ်ချင်လို့ မဟုတ်ဘူး။ သူပြောတာမှားတယ်ဆိုတာ ဖြေရှင်းတာ။ ဘင်္ဂါလီနှင့် ပတ်သက်လို့ လုပ်ဆောင်ခဲ့တယ်ဆိုတာ သက်သေအထောက်အထားမရှိဘဲ ပြောနေခြင်းဖြစ်တယ်”ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
ရွှေဝါရောင်သံဃာများကွန်ယက်နှင့် ဦးဝီရသူမှာ မည်သို့မှသက်ဆိုင်ခြင်းမရှိကြောင်း၊ ဂျာနယ်စာမျက်နှာတခုတွင် ဖေါ်ပြခဲ့သည့်ဆရာတော် ဦးဝီရသူနှင့် အင်တာဗျူးကြောင့် ၎င်းကိုသာတုံ့ပြန်ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
“မဘသကို ကိုယ်စားပြုပြောတာ မဟုတ်လို့ ဦးဝီရသူကိုပဲရှင်းလင်းပွဲလုပ်တာပါ။ ရွှေဝါရောင် ကိုယ်တော်တွေဆိုပြီးဝါးလုံးသိမ်းပြောဆိုတာ မကောင်းဘူး၊ ရွှေဝါရောင်သမိုင်းကိုညှိုးအောင်လုပ်တာလား။ အခုလို အင်တာဗျူးပါလာတဲ့စာစောင်ကို သူတို့ကပြန်ပြီးဖြန့်ဝေတတ်လို့ သူပြောတာ အမှားတွေဆိုတာ ပြန်လည်ဖြေရှင်းရတာပါ”ဟု ဆရာတော် ဦးအာစရ က ပြောသည်။
ယခု သတင်းစာရှင်းလင်းပွဲသည် ရန်ကုန်နှင့် မန္တလေးအပါအ၀င် ရွှေဝါရောင်သံဃာထုကိုယ်စားပြုကြောင်း၊ ဒီမိုကရေစီအတွက် ပြည်သူများဘက်မှရပ်တည်သွားမည်ဖြစ်ကြောင်း ဆရာတော် ဦးအားစရက ဆက်လက်မိန့်ကြားသည်။
ခိုင်ဆက်ဝေ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။