၁။ ဥက္ကဋ္ဌ - စောရဲဝင်းနိုင်။
၂။ ပါတီဝင်အရေအတွက် - တစ်သိန်းကျော်။
၃။ မဲဆန္ဒနယ်- ကရင်ပြည်နယ်အတွင်း ဘားအံ၊ မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များအတွက် ကိုယ်စားလှယ် ၁၂ ဦး။
၎။ ပါတီမူဝါဒ- နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးမူဝါဒများအပါအ၀င် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒများချမှတ်ထားသည်။ ထို့အပြင် ဒီမိုကရေစီစနစ်ကို ဦးစားပေး သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူအခွင့်အရေးရရှိခြင်း စသည့်အချက်များဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်ရန်။
၅။ ပါတီဆောင်ပုဒ်- ကျွဲချိုသံကြားရင် လာရောက်စုစည်းကြပါ (မြန်မာသာသာပြန်)။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - သက်ဆိုင်ရာမဲဆန္ဒနယ်၏ ဒေသခံများကို ဦးစားပေးသည်။ ထို့အပြင် ဒေသခံများက လက်ခံနိုင်သည့် ပညာ အရည်အချင်း ကန့်သတ်ချက်မရှိဘဲ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ပြီး အနစ်နာခံနိုင်မည့်သူ။
၇။ ပါတီရန်ပုံငွေ− ပါတီ၏ ရန်ပုံငွေရရှိစေရန် ရောင်းချသည့် ပစ္စည်းများ (ပြက္ခဒိန် စသည်)မှ ရရှိခြင်း၊ပါတီဝင်များ၏ ထည့်ဝင်ငွေများ၊ အများပြည်သူများ၏အလှူငွေများ ဖြင့် ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၁ နိုဝင်ဘာတွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့သည်။ ပါတီမှတ်ပုံတင် အမှတ် (၅၁) ဖြစ်သည်။
ပါတီဥက္ကဋ္ဌနှင့်အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အားလုံးက အခြေခံဥပဒေကို ပြင်ဆင်ချင်ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်က ဒါကိုအတည်မပြုပေးခဲ့ပါဘူး။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
အားလုံးက အခြေခံဥပဒေကို ပြင်ဆင်ချင်ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်က ဒါကိုအတည်မပြုပေးခဲ့ပါဘူး။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး လက်ရှိ KNU (ကရင်အမျိုးသား အစည်းအရုံး)နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေ တယ်။ MPC က လုပ်ဆောင်မှုတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေ တယ်။ ပြည်သူတွေကိုလည်း ချပြတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတဲ့ နေ ရာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုပဲ လိုချင်တယ်။ ငြိမ်းချမ်းရေးရယူပြီး တိုက်ပွဲဖြစ်နေရင်လည်း မရဘူး။ အဲဒီငြိမ်းချမ်းရေးရဲ့ စစ်မှန်တဲ့ အနှစ် သာရကို ပြည်သူတွေကလည်း လိုချင်ကြတယ်။ ဒါကြောင့် တစ်နေ့နေ့ မှာ အရယူပေးဖို့ ဆုံးဖြတ်ထားတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပါတီရဲ့ စီးပွားရေးမူဝါဒမှာတော့ အပြည့်အစုံ ထည့်သွင်းထားတယ်။ စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင်လုပ်ဆောင်မယ်။ အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးများကို နိုင်ငံတကာ စံနှုန်းများနဲ့ ကိုက် ညီလာအောင် ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိတယ်။

ပြည်သူတွေက ကရင်ဒီမိုကရက်တစ်ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
ကျွန်တော်တို့က ပြည်သူတွေအကြားက ပေါက်ဖွားလာတဲ့ သူတွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ကလည်း ပြည်သူတွေအ တွက်ပဲ။ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ၊ ခံစားချက်တွေကို ကျွန်တော် တို့သိနေတော့ အများကြီးလုပ်ဆောင်ဖို့ရှိနေလို့ ပြည်သူတွေက မဲထည့် သင့်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ပြည်သူတွေအတွက် တရားမျှတနိုင်တဲ့သူမျိုးကိုပဲ ရွေးချယ်သွားပါ့ မယ်။
ပြည်သူတွေအတွက် တရားမျှတနိုင်တဲ့သူမျိုးကိုပဲ ရွေးချယ်သွားပါ့ မယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း
အသက်-(၄၆) နှစ်
ပညာအရည်အချင်း - ဥပဒေဘွဲ့။
လက်ရှိအလုပ်အကိုင်- ကုန်သည်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ယခင်က ဖလုံ-စဝေါ်ပါတီတွင် ပါဝင်ခဲ့ပြီး ၂၀၁၁ တွင် ပါတီအသစ်တည်ထောင်ခဲ့သည်။
စံပြပုဂ္ဂိုလ်- လူထု ကောင်းကျိုးကို သယ်ပိုးခဲ့ကြသော ပြည်တွင်း၊ ပြည်ပ မှ ပုဂ္ဂိုလ်များ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၂၅၄)၊ ဗိုလ်ချုပ်လမ်းမကြီး၊ အမှတ် (၉) ရပ်ကွက်(ရေကျော်)၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။