ချန်ပီယံလိဂ်ပွဲဦးထွက် ပွဲတွင် ရီးရဲလ်၊ အက်သလက်တီ ကိုနှင့် ဆီဗီလာအသင်းတို့ ပေးဂိုး မရှိဘဲ နိုင်ပွဲကိုယ်စီရကြပြီး ပရီး မီးယားလိဂ် အသင်းကြီးများ ဖြစ် သော မန်စီးတီးနှင့် မန်ယူတို့သည် ဂျူဗင်တပ်နှင့် ပီအက်စ်ဗီတို့ကို ၂-၁ ဂိုး ရလဒ်ကိုယ်စီဖြင့် ရှုံးနိမ့်ခဲ့သည်။
နည်းပြ ဘင်နီတက်ဇ်၏ ရီး ရဲလ်အသင်းသည် (၁၁၃) နှစ်သက် တမ်းရှိ ရာဇ၀င်တွင် ပထမဆုံးအ ကြိမ်အဖြစ် လေးပွဲဆက်တိုက် ပေးဂိုးမရှိ စံချိန်တင်နိုင်ခဲ့သည်။
စပို့တင်းကို ဂိုးမရှိသရေ၊ ဘက်တစ်ကို ၄-၀ ဂိုး၊ အက်စပန် ညိုကို ၆-၀ ဂိုးနှင့် ချန်ပီယံလိဂ် တွင် ရှက်တာဒိုးနက်စ်ကို ၄-၀ ဂိုးရလဒ်ဖြင့် ရီးရဲလ်က အနိုင်ရခဲ့ ခြင်းဖြစ်သည်။
ယင်းပွဲတွင် ဟက်ထရစ် သွင်းခဲ့သော ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ ချန်ပီယံလိဂ်သွင်း ဂိုးပေါင်း ၈၀ အထိ ရှိလာပြီး ဘာ ကာမှ မက်ဆီ၏ စုစုပေါင်းသွင်းဂိုး ထက် သုံးဂိုးပိုသွားသည်။
အခြားပွဲစဉ်နှစ်ခုတွင် အက် သလက်တီကိုက ဂါလာလာစာ ရေးကို နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာက မို ချန်ဂလာဘတ်အသင်းကို သုံးဂိုး ပြတ် အနိုင်ရခဲ့သည်။
သို့သော် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ငါးပွဲလုံး နိုင်၊ရမှတ် ၁၅ မှတ်ဖြင့် ဦးဆောင် ထားသည့် မန်စီးတီးသည် ၎င်းတို့ အိမ်ကွင်းတွင် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်ကို ၂-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။
မန်စီးတီးမှ ကွန်ပနီကြောင့် ချီလီနီက ကိုယ့်ဂိုးကိုယ်သွင်းမိသ ဖြင့် မန်စီးတီးက ဦးဆောင်ခဲ့သော် လည်း အခွင့်အရေးများစွာ အသုံး မချနိုင်ခဲ့ပေ။
ဂျူဗင်တပ်က မန်ဇူကစ်နှင့် မိုရက်တာတို့၏ သွင်းဂိုးများဖြင့် မန်စီးတီးကို အနိုင်ရခဲ့ခြင်းဖြစ် သည်။
ဂျူဗင်တပ်အနိုင်ရသွားခြင်း မှာ ကံကောင်း၍ဖြစ်သည်ဟု မန် စီးတီးကွင်းလယ်လူ ယာယာတို ရေးက ပြောသည်။
မန်စီးတီးနည်းပြ ပယ်လီဂရီ နီကလည်း ၎င်းတို့သည် အရှုံးနှင့် မထိုက်တန်ဟု ပြောကြားသည်။
အုပ်စု (B) တွင် မန်ယူက ပီအက်စ်ဗီကို ၄၁ မိနစ်တွင် ဒီပေး ၏ ဂိုးဖြင့် ဦးဆောင်ထားပြီးမှ နှစ်ဂိုးခွင့်ပြုလိုက်ရ၍ ၂-၁ ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲတွင် နောက်ခံလူ ဒီ ပေးကို ဒဏ်ရာရစေခဲ့သော မိုရီနို အား အနီကတ်ပြသင့်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြော သည်။
သို့သော် ဒိုင်လူကြီး နီကိုလာ ရီဇိုလီကမူ မိုရီနီကို အနီကတ် (သို့မဟုတ်) မန်ယူအတွက် ပင် နယ်တီပေးခြင်း မရှိခဲ့ပေ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။