ရခိုင်ပြည်နယ်တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း သုံးသောင်းနီးပါး မဲပေးခွင့် ရရှိမည်


Published on Wed, 09/30/2015 - 14:01
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ စာရင်းများအား နောက်ဆုံး ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည်နယ် အတွင်းမှ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း သုံးသောင်းနီးပါး မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ မဲစာရင်းများကို စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ရာတွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ၎င်းတို့၏ မိသားစုဝင်များအား မဲစာရင်းတွင် ထည့်သွင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၂၂၆၁၅ ဦး မဲပေးခွင့် ရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၆၇၉၅ ဦး မဲပေးခွင့် ရရှိမည်ဖြစ်ကာ စုစုပေါင်း ၂၉၄၁၀ ဦး မဲစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။

နောက်ဆုံး ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်များ စာရင်းတွင် မောင်တော ခရိုင်တစ်ခုတည်းတွင် ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း နှစ်သောင်းကျော် ပါဝင်လာခဲ့ကြောင်း သိရသည်။

နောက်ဆုံး ထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါဝင်လာမှု မရှိခြင်း၊ အချက်အလက် မှားယွင်းနေခြင်း၊ သေဆုံးသူ စာရင်းများ ပါဝင်နေခြင်း စသည်တို့ ဖြစ်ပေါ်နေပြီး ပြန်လည်ပြင်ဆင် လျှောက်ထားသူများ အပါအ၀င် မဲစာရင်း မှားယွင်းသူများ ပြန်လည်လျှောက်ထားချက်အရ တစ်ပြည်နယ်လုံးတွင် တစ်သောင်းဝန်းကျင်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွဋ်က ပြောကြားသည်။

အခု အမှားပြန်ပြင်တာတို့၊ မဲစာရင်းမှာ မပါလို့ ပြန်ပြင်တာတို့ အပါအ၀င် ပြန်လျှောက်တာက တစ်မြို့နယ်မှာ ၆၀၀ လောက်သာ ရှိတယ်။ တစ်ပြည်နယ်လုံးဆိုရင် ရှစ်ထောင် တစ်သောင်း ၀န်းကျင်လောက်ပဲ ရှိနိုင်တယ်။ အတိအကျ စာရင်းတော့ မတက်လာသေးဘူး။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကတော့ ၂၉၀၀၀ ကျော် ရှိနေတယ်။ အခု ယခင်မဲစာရင်းမှာ ပါပေမယ့် အခု မဲစာရင်းမှာ ပါမလာတဲ့ သူတွေကိုလည်း ပြန်ပြင် စိစစ်နေတယ်” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အရာရှိ ဦးသူရိန်ထွဋ်က ပြောကြားသည်။

သို့ရာတွင် နိုင်ငံရေး ပါတီများအနေဖြင့် တပ်နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးအတွက် ခွင့်ပြုချက်မှာ တပ်၏ ခွင့်ပြုချက်အပေါ် မူတည်နေကြောင်းနှင့် တပ်အတွင်း ၀င်ရောက်မဲဆွယ် စည်းရုံးခွင့် ရ/မရ မသေချာသေးကြောင်း နိုင်ငံရေး ပါတီများက ပြောကြားသည်။
Writer:
သားရွှေဦး (ကစ္ဆပ)
2015 General Election
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။