ရခိုင်ပြည်နယ်အ တွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးပေါက်ခဲ့သည့် တာတမံများ ကို ပြန်လည်ဆည်ဖို့ပေးရန် လိုအပ်နေပြီး စပါးခင်းများအ တွင်း ဆားငန်ရေဝင်ရောက်မည့် အခြေအနေရှိနေကြောင်း တောင် သူများက ပြောသည်။
‘‘ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုက လယ်မြေတွေကို ပင် လယ်ဆားငန်ရေမဝင်ရအောင် တာတမံတွေဆည်ဖို့ပြီးတော့ စပါး စိုက်ကြပါတယ်။ ဒီနှစ်တော့ ရေကြီးနစ်မြုပ်တာနဲ့အတူ တာတမံ တွေကျိုးပေါက်ခဲ့တာကြောင့် လယ်ကွင်းတွေကို ဆားငန်ရေ တွေဝင်ပြီး စပါးခင်းတွေပျက်စီး သွားနိုင်ပါတယ်’’ဟု ရသေ့တောင် မြို့နယ် အောက်ကျောင်းတောင် ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။
ကျိုးပေါက်နေသည့် တာ တမံများကို အောက်တိုဘာတွင် ဆည်မဖို့နိုင်ပါက ပင်လယ်ဆား ငန်ရေသည် လယ်မြေများအတွင်းဝင်ရောက်နိုင်ကြောင်း၊ လက်ရှိ တွင် တာတမံကျိုးပေါက်နေသော နေရာများမှ ပင်လယ်ဆားငန်ရေ များ ဝင်ရောက်နေသော်လည်း မိုး တွင်းကာလဖြစ်၍ ဆားငန်ရေမှာ အငန်ဓာတ်နည်းနေပြီး ဆောင်း တွင်းကာလတွင် အငန်ဓာတ်ပြင်း ကြောင်း တောင်သူများကဆို သည်။
‘‘ကျွန်တော်တို့ တောင်သူ တွေကတော့ ကျိုးပေါက်သွားတဲ့ တာတမံတွေကို ပြန်လည်ဆည်ဖို့ ဖို့အတွက် သက်ဆိုင်ရာကို တင်ပြ ထားကြပါတယ်။ ဒါပေမဲ့ အ ကြောင်းတော့ တစ်စုံတစ်ရာမထူး သေးပါဘူး။ ဒီလောက်တာကို တောင်သူတွေအားနဲ့ ဆည်ဖို့ဖို့က လည်း မတတ်နိုင်ပါဘူး’’ဟု မင်း ပြားမြို့နယ်နေ စပါးစိုက်တောင် သူတစ်ဦးက ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ကျိုးပေါက် သွားသည့် တာတမံများ ပြန်လည် ဆည်ဖို့ရန် ဆည်မြောင်းဦးစီးဌာန က သက်ဆိုင်ရာသို့ ရန်ပုံငွေ တောင်းခံထားပြီး ရန်ပုံငွေရရှိပါ က ပြန်လည်ဆည်ဖို့မည်ဟု ရခိုင် ပြည်နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။