အသက်မပြည့်သူအား ခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်ခံထားရသည့် ဘောလုံးသမားကြည်လင်း အာမခံဖြင့်လွတ်မြောက်လာ


ညီတူး ၊ ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာ့လက်ရွေး စင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား ကြည်လင်းသည် အသက်မပြည့် သူအား အုပ်ထိန်းသူသဘောမတူဘဲ ခိုးယူ ပေါင်းသင်းမှုဖြင့် အမှုဖွင့်ခံထားရရာ သိန်း ၅ဝ အာမခံဖြင့် လွတ်မြောက်သွားပြီဖြစ် ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ အရာ ရှိတစ်ဦးကပြောသည်။

ကြည်လင်းသည် စက်တင်ဘာ ၂၂ရက်က သိန်း ၅ဝအာမခံဖြင့် ကမာရွတ် မြို့နယ်တရားသူကြီးဦးမိုးကျော်က ခံဝန်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အမှုကိုအပြင်ကနေ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ¤င်း ကပြောသည်။

''ဒီကိစ္စက ကြည်လင်းကတော့ လွတ်လာပြီ။ သူတို့နှစ်ဦးကတော့ ကွာရှင်း လိုက်ပါပြီ။ တရားလိုဘက်ကတော့ ကွာရှင်း ဖို့ လျော်ကြေးသိန်း ၁ဝဝ တောင်းထားတယ်။ သူတို့ဘက်က အမှုကိုရုပ်သိမ်းဖို့လဲ တရား ရုံးကိုတင်ထားပြီ။ နောက်တစ်ပတ်ရုံးချိန်း ရှိပါတယ်''ဟု ရန်ကုန်ယူနိုက်တက်အသင်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့လက်ရွေးစင် ကစားသမား ကြည်လင်း တရားရင်ဆိုင်နေရသော အမှု မှာ ပုဒ်မ ၃၆၆ ဖြစ်ပြီး အသက်မပြည့်သေး သူ ၁၈နှစ်အောက်ကို အုပ်ထိန်းသူသဘော မတူဘဲ ခိုးယူပေါင်းသင်းမှုဖြစ်ကာ တရားလို တိုင်တန်းသော ဦးထွန်းရီက တရားပြန်စွဲ သောကြောင့် စက်တင်ဘာ၁၇ ရက်က ကမာ ရွတ်မြို့နယ်တရားသူကြီး၏ ရမန်ဖြင့် အင်း စိန်ထောင်တွင် ချုပ်ထားခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်ကစားသမား ကြည်လင်းအမှုကို အောက်တိုဘာ ၁၂ရက် တွင် အမှုထပ်မံစစ်ဆေးရန် ရုံးချိန်း ထပ်ချိန်း ထားကြောင်း သိရသည်။ တရားလိုတိုင်တန်း သူ ဦးထွန်းရီ၏သမီးသည် အမှုစတင်ဖြစ် ပွားစဉ် ၂ဝ၁၄ခုနှစ် ဇွန်လ၌ အသက် ၁၇ နှစ်အရွယ်သာရှိသူဖြစ်သည်။

အဆိုပါအမျိုးသမီးမှာ အမှုဖြစ် ပွားချိန်တွင် အရှေ့ဒဂုံမြို့နယ်တွင် နေထိုင် ပြီး အလှပြင်သင်တန်းတက်ရောက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ကြည်လင်း နှင့် ¤င်းချစ်သူဆိုသော အမျိုးသမီးသည် မူလ က အဆိုပါအမျိုးသမီး၏ ဖခင်က တရားလို ပြုလုပ်ပြီး အလိုမတူဘဲ ခိုးယူပေါင်းသင်းမှု ဟု တရားစွဲဆိုရန်ပြုလုပ်ရာမှ ဇွန်လ၁၉ရက် တွင်မူ နှစ်ဦးသဘောတူလက်ထပ်ထားကြ သူများဖြစ်ကြောင်း သိရသည်။

_____YangonMediaGroup
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။