ဥပဓိရုပ်ကြောင့် လူသိများလာသော အမတ်လောင်းများ



အမေရိကန်ပြည်ထောင်စုတွင်တော့ ရုပ်ရည်ချောမောသည့် ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်ခံရခြင်းသည် သမိုင်းကြောင်း ရှည်ကြာသည့် အဖြစ်အပျက်တစ်ခုဟု ကမ္ဘာကျော် The New York Times သတင်းစာကြီးက ဖော်ကျူးရေးသားသည်။

အမေရိကန်ပြည်ထောင်စု၏ ၃၅ ယောက်မြောက် သမ္မတ ဂျွန် အက်ဖ် ကနေဒီ၊ လွှတ်တော်အမတ် ကရစ္စတန်ဂျီလီဘရန်း၊ အလက်စကာအုပ်ချုပ်ရေးမှူး ဆာရာပါလင်း နှင့် မက်ဆာချူးဆက်အုပ်ချုပ်ရေးမှူး မစ်ရွန်မ်နေလ် စသည့် ဥပဓိ ရုပ်ကောင်းသည့် ခေါင်းဆောင် များကို The New York Times က နမူနာထုတ်ပြသည်။

မြန်မာနိုင်ငံတွင်ကော ဆွဲဆောင်မှုရှိသည့် နိုင်ငံရေးသမားများကို မဲဆန္ဒရှင်များက ရွေးချယ်သည့်ဓလေ့ ခေတ်စားလာပါမည်လား။

အထက်ပါအချက် မည်မျှ မှန်မည်ကိုတော့ ရွေးကောက်ပွဲ အပြီးတွင်မှ အဖြေထွက်မည်ဖြစ် သော်လည်း လက်ရှိတွင်တော့ ရုပ် ရည်ချောမောပြီး ဆွဲဆောင်မှုရှိ သည့် မျက်နှာသစ်လွှတ်တော်ကိုယ်စားလှယ်လောင်းများကတော့ အခြား ကိုယ်စားလှယ်လောင်းများ ထက် လူသိပိုများနေခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ် ၆,၀၀၀ ကျော် စာရင်းပေးသွင်းထားသည်။ ထိုအထဲတွင် လူသိနည်းသောမျက်နှာ သစ်နိုင်ငံရေးသမား ထောင်နှင့် ချီပြီး ပါဝင်လာခဲ့သည်။

ထောင်နှင့်ချီသော မျက်နှာသစ်နိုင်ငံရေးသမားများတွင် နေ့ ချင်းညချင်း လူသိများသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ မကြာမီရက်ပိုင်းအတွင်းက ထွက် ပေါ်လာခဲ့သည်။ ထိုသူများမှာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသည့် ကိုယ်စားလှယ်လောင်းများ ပင်ဖြစ်သည်။

လူသစ်တန်းနိုင်ငံရေးသမားများထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပခုက္ကူ မဲဆန္ဒနယ် (၂)  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်း၊ ရှားတောမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါက်တာစိုးမိုးသူ၊ အမျိုးသားဒီမိုကရေစီအင်အားစု မှ ကျိုက်မရော ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါ် မေဝင်းနိုင်ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစမ်းစမ်းအေး စသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ်တွင်ရော ပြင်ပတွင်ပါ နေ့ချင်းညချင်းလူသိများ လာခဲ့သည်။

သူတို့၏ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကြောင့် မျက်နှာသစ်နိုင်ငံရေးသမားများထဲတွင် တစ်ပန်းသာခဲ့ပြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မတိုင်မီ လူသိများသည့်အမတ်လောင်းများဖြစ်လာခဲ့သည်။

‘‘အရည်အချင်းချင်းတူနေရင် ဥပဓိရုပ်သာတဲ့ နိုင်ငံရေးသမားက တစ်ပန်းသာမှာပဲ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခရမ်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ အေးမင်းက မှတ်ချက်ပြုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အမေရိကန်ပြည်ထောင်စုလိုပင် ရုပ်ရည်ချောမောသည့်နိုင်ငံရေးသမားများစင်မြင့်ပေါ် ရောက်လာသည့် အစဉ်အလာများ ရှိခဲ့သည်။ ထို့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် အဘီဆစ် နှင့် ယင်လပ်ရှင်နာဝပ်တို့သည် နမူနာကောင်းများဖြစ်ကြသည်။

‘‘အဘီဆစ်ဆိုလည်း သူ့နိုင်ငံရေးထက် သူ့ဥပဓိရုပ်ကို လူတွေပိုညွှန်းကြတယ်။ ယင်လပ်ဆိုရင်လည်း ဒီလိုပဲ သူ့အစ်ကိုရဲ့ အရှိန် ရော။ သူ့ဥပဓိရုပ်ကြောင့်ရော လူကြိုက်များတယ်’’ဟု ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ကိုအောင်ကျော်ကျော်က ပြောသည်။ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ထိုင်းနိုင်ငံရေးသမားများ အပီအပြင် ချောမောလှပခံ့ညားအောင် ကြိုးပမ်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ကြော်ငြာကာ မဲရအောင် ကြိုးပမ်းသည်ကိုကြည့်၍ ထိုင်းတွင် ဥပဓိရုပ်မည်မျှအရေးကြီးကြောင်း သိနိုင်သည်။

အမေရိကန်ပြည်ထောင်စုကဲ့ သို့သော နိုင်ငံမျိုးတွင် ဥပဓိရုပ်ကောင်းသော နိုင်ငံရေးသမားမျာ လူထုအကြားရေပန်းစားခဲ့သည် မှာ အထူးအဆန်းတော့မဟုတ်။ မီဒီယာ အင်အားကောင်းသော နိုင်ငံဖြစ်သောကြောင့် နိုင်ငံရေး သမားများသည် လူထုနှင့် ရင်းနှီး ကျွမ်းဝင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ထို ဓလေ့မှာ ၂၀၁၅ ရွေးကောက်ပွဲ ရောက်မှ အနည်းငယ်ခေတ်စား လာခဲ့သည်။

သမိုင်းတစ်လျှောက် ရွေး ကောက်ပွဲများနှင့်လွန်ခဲ့သော ငါး နှစ်တာကာလဖြစ်သော ၂၀၁၀ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲများတွင်လည်း မဲဆန္ဒရှင်များ သည် သူတို့၏အမတ်လောင်းများ ကို သတင်းမီဒီယာစာမျက်နှာ အချို့နှင့် နံရံကပ်ကြော်ငြာအချို့ တွင်သာ အကန့်အသတ်ဖြင့် တွေ့မြင်ခွင့်ရခဲ့သည်။

သို့သော်လည်း ၂၀၁၅ ရွေး ကောက်ပွဲအရောက်တွင်တော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေ ပြီ ဖြစ်သောကြောင့် ဥပဓိရုပ် ကောင်းသောနိုင်ငံရေးသမားများ သည် လူထုအကြားတွင် ပိုမိုပျံ့နှံ့ လူသိများလာခြင်းဖြစ်သည်။

‘‘အခုရက်ပိုင်းဆိုရင် ဖေ့စ် ဘွတ်ခ်မှာ အမျိုးသမီးတွေက မြောင်းမြက လွှတ်တော်အမတ် ဒေါက်တာစိုးမိုးသူကို ညွှန်းတယ်။ အမျိုးသားတွေက ပခုက္ကူက ဒေါ် ဇင်နီနီဝင်းကို ညွှန်းတယ်။ ဒါဟာ အပျော်သဘောနဲ့ နောက်တာ ပြောင်တာတွေလည်းပါတယ်ဆို ပေမယ့် သူတို့တွေက အလိုလို လူ သိများသွားပြီ’’ဟု ရန်ကုန်မြို့နေ ကိုကျော်နိုင်က ပြောသည်။

နိုင်ငံရေးသမားများအတွက် ရုပ်ရည်ချောမောမှုသည် အဓိက ကျသည့် အချက်တစ်ခုမဟုတ် သော်လည်း ဆွဲဆောင်မှုရှိသော ဥပဓိရုပ်သည် လူထု၏ ယုံကြည်မှု အတွက် တစ်ပန်းသာသည့် အ ချက်ဖြစ်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါက်တာအေးမင်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ဥပဓိရုပ်ကို တခြားသူတွေနဲ့ ယှဉ်ရင် တစ်ပန်းသာနေတာ။ လူ ထုက ကြည့်လိုက်ရင် အလိုလို အားကိုးချင်စရာ၊ ယုံကြည်ချင်စ ရာဖြစ်နေတာပေါ့’’ဟု ဒေါက်တာ အေးမင်းက ပြောသည်။

ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်များရှိသည့် ကိုယ်စားလှယ်လောင်းများ နေ့ချင်းည ချင်း လူသိများလာသော်လည်း နိုင်ငံရေးတွင် အရည်အချင်းသာ အဓိကဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးစိုးဝင်းက သူ၏အယူအဆ ကို ပြောသည်။

‘‘လူကြိုက်များတယ် ဆိုပေမယ့်လည်း ရုပ်ရည်ကြည့်ပြီး ဆုံးဖြတ်လို့တော့ မရဘူး။ နိုင်ငံရေးမှာ အရည်အချင်းက အဓိကဆုံးဖြတ် မယ်’’ဟု ၎င်းက ပြောသည်။

အမေရိကန်ကဲ့သို့ ဥပဓိရုပ် ကောင်းပြီး ဆွဲဆောင်မှုရှိသော နိုင်ငံရေးသမားများ စင်မြင့်ပေါ် မည်မျှရောက်မည်ကိုတော့ ရွေး ကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ လက် ရှိအချိန်တွင်တော့ ဥပဓိရုပ်ကောင်းပြီး ဆွဲဆောင်မှုရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အခြားကိုယ်စားလှယ်လောင်းများထက် လူသိများနေသည်ကတော့ ငြင်းဆန်၍မရသော အမှန်တရားဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။