၁။ ဥက္ကဋ္ဌ- ဦးမောင်မောင်နီ။
၂။ ပါတီဝင်အရေအတွက် - ၈,၀၀၀ ကျော်။
၃။ မဲဆန္ဒနယ်- ခြောက်နေရာ (ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း)။
၎။ ပါတီမူဝါဒ- ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဒီမိုကရေစီအင်အားစုများပူးပေါင်းပြီး နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုသားအားလုံး ဒီမိုကရေစီ၏အနှစ်သာရကို ကမ္ဘာနှင့် ရင်ပေါင်တန်းပြီးသိရှိနိုင်ရန်။
၅။ ပါတီဆောင်ပုဒ်- ပြည်ထောင်စုဖွား ပြည်သူများ၊ ဘာသာလူမျိုး မခွဲခြား၊ တန်းတူအခွင့်အရေးရစေသား။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးတွင် လူမှန်နေရာမှန်ဖြစ်ရေး၊ နိုင်ငံရေးအစဉ်အလာရှိသူ၊ တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် သစ္စာရှိသူ၊ ရွေးကောက်ပွဲဥပဒေ၊ တည်ဆဲဥပဒေများ၏ ပြဋ္ဌာန်းချက်နှင့်ညီညွတ်သူ။
၇။ ပါတီရန်ပုံငွေ− ပါတီစတင်တည်ထောင်ချိန်မှစ၍ ပါတီဝင်များ၏ လစဉ်ဝင်ကြေးကို အခြေခံသည်။ ပါတီဗဟိုအလုပ်အမှုဆောင်များ၏ ပုံမှန်ထည့်ဝင်ငွေပေါ်တွင် ရပ်တည်ထားသည်။ မဲဆွယ်ကာလတွင် ကူညီထောက်ပံ့လိုသူများကို ဥပဒေ၊ နည်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ လက်ခံမည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အစိုးရက နိုင်ငံရေးပါတီများကို တည်ထောင်ခွင့်ပြုချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ မှတ်ပုံတင်ခဲ့သည်။ ပါတီမှတ်ပုံတင်နံပါတ်မှာ ၃၁ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁၇ နေရာ၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ငါးနေရာ စုစုပေါင်း ၂၂ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်က ၂၀၁၅ မှာဝင်ပြိုင်ဖို့ အစီအစဉ်မရှိဘူး။ မိမိတို့ပါတီ လွှတ်တော်ကိုယ်စားလှယ်များအနိုင်ရရှိပြီး လွှတ်တော်ထဲရောက်ရင် ပါတီက သတ်မှတ်ထားတဲ့ ပါတီလုပ်ထုံးလုပ်နည်းများနဲ့အညီ အခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်ထဲမှာရောက်ရှိနေတဲ့ တခြားဒီမိုကရေ စီအင်အားစုတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ မဖြစ်မနေအရေးကြီးတယ်လို့ ပါတီက ယုံကြည်တယ်။ ပြည်ထောင်စု အဝန်းအဝိုင်းမှာ နေရာဒေသတစ်ခုမကျန်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မှ ပြီးပြည့်စုံတဲ့ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်မယ်လို့ ယုံကြည်တယ်။

နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် နိုင်ငံ တော်မှာ စီမံကိန်းချလုပ်ဆောင်နေတာ ပါတီက ထောက်ခံတယ်။
ပါတီအနေနဲ့ အကြံပြုလိုတာကတော့ ပြည်ထောင်စုတစ်ဝန်းမှာရှိ တဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ နေရာတော်တော်များများမှာ ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုးပြီး အကောင်အထည်ဖော်နိုင်အောင်လုပ်နေတာ တစ်နေရာရာမှာ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ရင် ပြီးပြည့်စုံတဲ့ငြိမ်းချမ်း ရေးမဖြစ်နိုင်ဘူး။
၂၀၁၂ ခုနှစ်ကစပြီး ဘာသာမတူ၊ လူမျိုးမတူတဲ့ လူမျိုးစုနှစ်စုကြား မှာ ပဋိပက္ခအသွင်ကိုဆောင်ခဲ့တာ ယခုအချိန်ထိ လူမျိုးစုနှစ်စုကြားမှာ သယံဇာတဖြစ်ရေး၊ အတူတကွအတူယှဉ်တွဲနေထိုင်ရေး၊ အတူယှဉ်တွဲ ရောင်းဝယ်ဖောက်ကားရေး စတဲ့အခြေခံလူ့အခွင့်အရေးတွေ အပြည့် အဝဖော်ဆောင်လို့မရသေးတာတွေ့နေရတယ်။
တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ရခိုင်ပြည်နယ်က ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ် တဲ့အတွက် ဒီလိုမျိုးလူမျိုးစုနှစ်စုကြားမှာ နှစ်ရှည်လများ သဟဇာတမဖြစ် တာ၊ သန္ဓေတည်ပြီးရှိနေရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တစ်ထောင့်တစ်နေရာလိုနေတယ်။
နောက်တက်မယ့် လွှတ်တော်နဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင် ဖို့ ဒီမိုကရေစီအင်အားစုတွေစုပေါင်းပြီး ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ် နိုးတယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးပူးပေါင်း အဖြေရှာရင် ရခိုင်ပြည်နယ်အပါအဝင် မလွဲမသွေငြိမ်းချမ်းရေးအသီး အပွင့်တွေ တစ်နေ့ခံစားရမယ်လို့ယုံကြည်တယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
လွှတ်တော်ရေးရာကော်မတီတွေမှာ လူမှန်၊ နေရာမှန်ဖွဲ့စည်းပြီး အစိုးရကိုဖွဲ့စည်းမယ့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအင်အားစုသော်လည်း ကောင်း၊ တိုင်းပြည်အတွက်ကောင်းမယ်လို့ ယုံကြည်ယူဆတဲ့ မူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့ရင် တကယ့်လက်တွေ့မြေပြင်ပေါ်မှာ တစ်နေရာ နဲ့တစ်နေရာ မျှတမှုမရှိတဲ့ ဝင်ငွေ၊ ထွက်ငွေကို ကူညီပေးနိုင်မယ်လို့ ယုံ ကြည်တယ်။ သူ့နေရာနဲ့သူ ဝင်ငွေ၊ ထွက်ငွေမျှတအောင် လွှတ်တော်ထဲ က ရေးရာကော်မတီတွေက ဆောင်ရွက်မှဖြစ်မယ်။

ပြည်သူတွေက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ကျွန်တော်တို့ပါတီက အသားအရောင်ခွဲခြားမှုမရှိဘူး။ ဘာသာလူ မျိုးလည်းခွဲခြားမှုမရှိတာကို မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ လေးစားမှုရှိ အောင် သတင်းစကားပေးချင်တယ်။
ဆင်းရဲချမ်းသာမရွေး နိုင်ငံအတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ မိမိတို့ရဲ့ မဲပြားကို တစ်စုံတစ်ရာမလျော်ဩဇာ၊ တိုက်တွန်းမှုမပါဘဲ လွတ်လပ်စွာမဲထည့်နိုင်ဖို့ ပြည်သူကိုသတင်းစကားပေးချင်တယ်။
အဲဒီလို ဒီမိုကရေစီအသီးအပွင့်တွေ၊ ပြည်သူတွေခံစားနိုင်အောင် ၂၀၁၀ ကစပြီး ပြည်သူတွေကို သတင်းစကားပေးခဲ့တဲ့ ပါတီဖြစ်လို့ ကျွန် တော်တို့ကို မဲပေးသင့်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အနစ်နာခံနိုင်တဲ့လူ။ နိုင်ငံရေးအစဉ် အလာကောင်းတဲ့လူ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ တိုင်းရင်း သား၊ နိုင်ငံသား၊ လူမျိုးစုအားလုံးရဲ့ ဆန္ဒသဘောထားကို နားလည်ပေး နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ရွေးချယ်မယ်။

အသက်- (၅၂) နှစ်။
ပညာအရည်အချင်း- သိပ္ပံဘွဲ့။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ပါတီဥက္ကဋ္ဌ။
လက်ရှိအလုပ်အကိုင်- မိသားစုစီးပွားရေး။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း၊ နယ်လ်ဆင်မန်ဒဲလား၊ မဟတ္တမဂန္ဒီ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-အမှတ် (၂၀၂)၊ ဗိုလ်ဆွန်ပက်လမ်း၊ လေးလွှာ(ညာဘက်)၊ ၀၉-၅၁၃၂၁၂၆
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။