ဂျက်လေယာဉ်ပိုင် ပြည်ပြေး ထိုင်းဘုန်းကြီး အမေရိကန်တွင် ကျောင်းဆောက်မည်

ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် တွေ့ရသည့် ထိုင်းဘုန်းတော်ကြီး(၀ဲ)။ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

ထိုင်းနိုင်ငံက ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဆိုင်တဲ့ ဘုန်းတော်ကြီး လောင်ပုနင်းခမ်းက အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရပြီး ဘုန်းတော်ကြီးကျောင်း ဆောက်သွားမှာ ဖြစ်ပါတယ်။

ပြည်ပြေး သတင်းထောက် ဂျောင်ပတ်ခ်ျပရာဒက်နဲ့ အင်တာဗျူးမှာ အသက် ၃၆ နှစ်ရှိ ဘုန်းတော်ကြီးက ထိုင်းသံဃာကောင်စီနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အမေရိကန်မှာ ဘုန်းတော်ကြီးကျောင်းကို ဖောင်ဒေးရှင်းအဖြစ် မှတ်ပုံတင်မယ်လို့ ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းက ပြောပါတယ်။

အွန်လိုင်း သတင်းဌာနဖြစ်တဲ့ ထိုင်းအသံမီဒီယာက အချက်အလက်တွေကို ယူကျုပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဘ၀သစ်စဖို့ ဒေါ်လာ သန်း ၃၀ ကို အသုံးပြုမယ်လို့ သူက ပြောတယ်လို့ ဆိုပါတယ်။

ဘုန်းတော်ကြီးက ကင်မရာရှေ့မှာ အင်တာဗျူးမပေးချင်တာကြောင့် ဂျောင်က အဖြေကို ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီးက နာမည်ကို ဖရာ ၀ိမုတ္တိယန်လို့ ပြောင်းလိုက်တဲ့အကြောင်း ဂျက်လေယာဉ်ကို အခုထိ ပိုင်ဆိုင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်က ဘုန်းတော်ကြီးဟာ နိုင်ငံရပ်ခြားကို ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပါတယ်။

အကောင်းစား နေကာမျက်မှန်နဲ့ အိတ်တွေကို အသုံးပြုသလို ဇိမ်ခံကား ၁၀၀ ကျော်နဲ့ မြေတွေ အမြောက်အမြားလည်း ဘုန်းတော်ကြီးက ပိုင်ဆိုင်ထားပါတယ်။

ဒီအတွက် ထိုင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ သူက ထိုင်းကနေ ပြင်သစ်ကို ထွက်ပြေးခဲ့ပါတယ်။

အထူးစစ်ဆေးရေးတပ်ဖွဲ့က ကလေးသူငယ်တွေကို ဖျားယောင်းသွေးဆောင်မှု၊ လိမ်လည်မှု၊ ငွေကြေးခ၀ါချမှု၊ အသက်မပြည့်သူကို အတင်းအဓမ္မ ပြုကျင့်မှုတွေနဲ့ ဘုန်းတော်ကြီးကို စွဲဆိုခဲ့ပြီး သူ့ရဲ့ဘဏ်အကောင့်က ဘတ် သန်း ၃၈၀ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။