ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ

၁။ ဥက္ကဋ္ဌ- ဦးခွန်စံလွင်။
၂။ ပါတီဝင်အရေအတွက်- ရှစ်သောင်းကျော်။
၃။ မဲဆန္ဒနယ်- ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များအပြင် ထန်းတပင်၊ သထုံ၊ ဘားအံမဲဆန္ဒနယ်များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တိုင်းရင်းသားပါတီဖြစ်၍ အစိုးရဖွဲ့နိုင်မည်မဟုတ်သော်လည်း ပြည်သူလူထုအတွက် တက်လာသည့် အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်။
၅။ ပါတီဆောင်ပုဒ်- ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဂါးကိုမဲပေးကြစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ပညာအရည်အချင်းအတိအကျသတ်မှတ်ထားခြင်းမရှိဘဲ သက်ဆိုင်ရာနယ်မြေတွင် ပြည်သူလူထု၏ ယုံကြည်လေး စားအားကိုးသူဖြစ်ရန်လိုအပ်။
၇။ ပါတီရန်ပုံငွေ− အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အဓိကထားရပ်တည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပြည့်နှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကို စတင်တည်ထောင်ခဲ့။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ပါတီဆိုတာလည်း အမျိုးသားနိုင်ငံရေးပဲပေါ့နော်။ အခြေခံဥပဒေ တစ်ခုလုံးကို ပြင်ဆင်နိုင်တဲ့အားကတော့ ပါတီတစ်ခုအနေနဲ့ ဘယ်ရှိ မလဲ။ ဒါပေမဲ့လည်း ကိုယ့်အမျိုးသား၊ တိုင်းရင်းသားနဲ့ ပြည်နယ်၊ ပြည် ထောင်စုတွေနဲ့ အရေးအရာကဏ္ဍတွေမှာတော့ တတ်နိုင်သရွေ့တော့ ကိုယ့်ရဲ့အကြံဉာဏ်အားတွေ၊ စွမ်းဆောင်နိုင်တဲ့အားတွေနဲ့ ဆောင်ရွက် သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးကတော့ မဖြစ်မနေဖော်ဆောင်ရမှာ။ ကျွန် တော်တို့ကိုယ်၌ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင် အဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးဖြစ်လာအောင် ဆောင်ရွက်ခဲ့တာတွေရှိတာ ပေါ့။ အဲဒီဆောင်ရွက်တဲ့နေရာမှာ ဘာအရေးကြီးလဲဆိုတော့ တာဝန်ရှိ နေတဲ့ပုဂ္ဂိုလ်များဟာ ငြိမ်းချမ်းရေးကို တကယ်လိုလိုလားလားဖြစ်ဖို့ လည်း အရေးကြီးတယ်လို့မြင်တယ်။ ဒီလိုလုပ်နိုင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ ခရီးလမ်းကြောင်းပန်းတိုင်ကိုရောက်မှာပေါ့။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဒါကို ကျွန်တော်ကြိုးစားမှာပါ။ ကျွန်တော်တို့ ငါးနှစ်သက်တမ်းမှာ ဖွံ့ဖြိုးလာအောင်၊ သင့်တင့်လျောက်ပတ်တဲ့အောင်မြင်မှုရအောင်၊ ပြည် သူတွေရဲ့ စားဝတ်နေရေးပြေလည်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ ပြင် ဆင်ထားတာပေါ့။
ပြည်သူတွေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
အဓိကကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရလာပြီ။ ကျွန် တော်တို့အမျိုးသားတွေအပေါ်မှာ ဦးဆောင်နိုင်တဲ့အဖွဲ့အစည်းတွေဖြစ်လာတယ်။ ကိုယ့်အမျိုးသားဘဝနဲ့ နိုင်ငံရေးတစ်ခုအပေါ်မှာသွားတဲ့ နေရာမှာ အတူလျှောက်လှမ်းသွားနိုင်ဖို့၊ တိုင်းပြည်အနေအထားနဲ့ ပကတိလိုအပ်ချက်တွေကို ပြည်သူနဲ့ကျွန်တော်တို့ပါတီအဖွဲ့အစည်းက အတူတူသွားနိုင်ဖို့ ရည်မှန်းချက်ထားတာပါ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းက တကယ်အရည်အချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ ပေါ့။ တိုင်းပြည်ကို တကယ်တည်ဆောက်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များနဲ့သွားတာကတော့ ကျွန်တော်တို့လိုလားတာပေါ့။ အဲဒီကိုသွားနိုင်ဖို့လည်း မျှော်လင့်တာပေါ့။
ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၅၅) နှစ်။
ပညာအရည်အချင်း- B.Sc (Physics)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- မန္တလေးတက္ကသိုလ်တွင် နိုင်ငံရေး နှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားများအား လက်တွဲခေါ်ဆောင်ခဲ့။ ၁၉၈၅ နောက်ပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင် ထဲသို့ဝင်ရောက်ခဲ့။ ၁၉၈၈ နောက်ပိုင်းတွင် ပအိုဝ်းဒေသသို့ ပြန်လည်ရောက်ရှိလာသည့်ကျောင်းသားများအား လမ်းမှန်ရောက်ရှိရန် ကူညီပေးခဲ့။
၁၉၉၁ တွင် ငြိမ်းချမ်းရေးရယူခဲ့။ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့။ လက်နက် ကိုင်အဖွဲ့အစည်းအဖြစ်ရှိနေချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တပ် မတော်အထူးဒေသ (၆) ၏ အတွင်းရေးမှူးရာထူးထမ်းဆောင်ခဲ့။ ၁၉၉၃ အမျိုးသားညီလာခံစတင်ချိန်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု တက်ရောက်ခဲ့။ ၂၀၁၀ တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ရှိခဲ့။
လက်ရှိအလုပ်အကိုင်- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ်- ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၈၁-၂၃၁၃၆

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။