ဒေသအချို့တွင် နေရာကွက်မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ရုတ်တရက် ရေကြီးနိုင်

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ပြင်အခြေအနေကို ထိုင်းမိုးဇလဂြိုဟ်တုမှ တွေ့ရစဉ်(tmd.go.th)
ဘင်္ဂလားပင်လယ်တွင် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်သည့် အခြေအနေနှင့် တောင်တရုတ်ပင် လယ်မှ အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အချို့ နေရာကွက်၍ မိုးကြီးနိုင် သည်ဟု မိုး/ဇလဒုညွှန်ချုပ် ဦး ကျော်မိုးဦးက သတိပေးသည်။
တောင်တရုတ်ပင်လယ်တွင် ဗန်ဘို (Vambo) ဟု အမည်ပေး ထားသည့် အပူပိုင်းမုန်တိုင်းငယ် တစ်လုံးတိုက်ခတ်နေသောကြောင့် ကချင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မိုးကောင်းနိုင်သလို ဘင်္ဂ လားပင်လယ်အော်တွင်လည်း လေဖိအားနည်းရပ်ဝန်း  အား ကောင်းနေကာ  မြန်မာ့ကမ်းရိုး တန်းဒေသများတွင် မိုးရောလေပါ အားကောင်းနေသည်ဟု ဦးကျော် မိုးဦးက ပြောသည်။
ယင်းလေဖိအားနည်းရပ် ၀န်းမှာ နှစ်ရက်အတွင်း မုန်တိုင်း ငယ်အဆင့်သို့ရောက်နိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။

‘‘အဲဒီမုန်တိုင်းအကြွင်းအ ကျန်တိမ်တိုက်ဟာ အနောက် တောင်ယွန်းယွန်းကို ရွေ့လျားပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာ ရီတိုင်းကို ဖြတ်ကျော်သွားမယ်လို့ ခန့်မှန်းရပါတယ်’’ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
   ဗီယက်နမ်ကမ်းခြေ အ နောက်ပိုင်းတွင် ဖြစ်ပေါ်သောမုန် တိုင်းများ၏ ပုံမှန်လမ်းကြောင်း သည် မြောက်ဘက်မှ အနောက် မြောက်ဘက် (သို့မဟုတ်) အရှေ့ မြောက်ဘက်သို့ ရွေ့လျားပြီး ပင် လယ်ထဲတွင် ပျက်ပြယ်သွားတတ် သည့် သဘောရှိသည်။
 ပျက်ပြယ်သွားသော မုန် တိုင်းမှလာသည့် လေပွေလှိုင်း များအရှိန်ကြောင့်  မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် မိုးသည်းထန်စွာ ရွာ သွန်းနိုင်သည်။
ယခုလအတွင်း လေဖိအား နည်းရပ်ဝန်းနှစ်ခုသည် ဗီယက် နမ်ကမ်းခြေနှင့် ဘင်္ဂလားပင်လယ် အော်တို့တွင်ဖြစ်ပေါ်ခဲ့ပြီး ဗီယက် နမ်ကမ်းခြေ၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန် တိုင်းအဖြစ် ကူးပြောင်းခဲ့ခြင်းဖြစ် သည်။
ဘင်္ဂလားပင်လယ်အော် အ နောက်အလယ်ပိုင်းတွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း သည် ယခုအချိန်အထိ လေဖိအား နည်းရပ်ဝန်းအဆင့်၌ ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း သည် စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ မပျက်ပြယ်ဘဲ တည်ရှိနေဦးမည်ဖြစ်သည်။
မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က  ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းသည် မုန် တိုင်းငယ်အဖြစ် ပြောင်းလဲနိုင် သည်ဟုဆိုသည်။
ကမ်းရိုးတန်းဒေသများဖြစ် သော မွန်၊ ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသတို့တွင် နေရာ ကွက်၍ မိုးကြီးမည်ဟု မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ဗန်ဘိုမုန်တိုင်းဖြစ်ပေါ်လာသည့် လေပွေလှိုင်များကြောင့် မိုးသည်း ထန်စွာရွာသွန်းနိုင်ပြီး အနောက် ပိုင်း၌ လေဖိအားနည်းရပ်ဝန်း ကြောင့်လည်း မိုးရွာသွန်းနိုင် သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အ ခြေအနေသည် အရှေ့နှင့်အ နောက်တွင် ဖြစ်ပေါ်နေသော မုန် တိုင်းနှင့် လေဖိအားနည်းရပ်ဝန်း ကြောင့် မိုးများနိုင်သည်။
လေဖိအားနည်းရပ်ဝန်းနှင့် ဗန်ဘိုမုန်တိုင်းမှလာသည့် လေ ပွေလှိုင်းများကြောင့် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း  အောက်ပိုင်းတို့တွင် နေရာကွက် ကျား၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့တွင် နေရာကျဲ ကျဲ၊ ကချင်၊ ချင်း၊ ရှမ်း(မြောက် ပိုင်း)နှင့် ကယားပြည်နယ်၊ စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊  ပဲခူးတိုင်းဒေသကြီးတို့မှာ နေရာ စိပ်စိပ် မိုးရွာသွန်းနိုင်မည်ဖြစ် သည်။ မုန်တိုင်းငယ်ဖြစ်လာပါက အိန္ဒိယကမ်းခြေဘက်သို့ ရွေ့လျားသွားနိုင်သော်လည်း ပင်လယ်အတွင်း နောက်လေးရက်ခန့်တိုက်ခတ်နေနိုင်ဖွယ်ရှိသောကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများ မိုးရွာရက်များနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်များကျဆင်းနေသော်လည်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြို့အချို့စိုးရိမ်ရေမှတ်အထက် တွင်ရှိနေသေးသည်။ မင်းဘူး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဇလွန်နှင့် ညောင်တုန်းမြို့တို့တွင် မြစ် ကမ်းနားဘေးဒေသများရေလွှမ်းမိုးမှုရင်ဆိုင်နေရသည်။ င၀န်မြစ်မှာ လည်း ကျဆင်းခြင်းမရှိသေးဘဲ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့တွင် ရေလွှမ်းမိုးမှု ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု  ဒေသခံလူမှုရေးအဖွဲ့များထံမှ  သတင်းရရှိသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။