လေကြောင်းရဲတပ်ဖွဲ့ဝင်များက ရန်ကုန်လေဆိပ်အတွင်း တာဝန်ထမ်းဆောင်နေကြစဉ် (Aviation Police-YGN)
ရန်ကုန်လေဆိပ်အ တွင်း ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်စေရန် ပြုလုပ်သည့် အထုပ်သယ်သူများနှင့် တက္ကစီသမားများကို လိုအပ်သည့် တားဆီးထိန်းသိမ်းအရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
ခရီးသွားပြည်သူများ၏ ပစ္စည်းများနှင့် အိတ်များကို အတင်းဝင်ရောက်ပြီး ကူညီဆွဲပေးကာ အခကြေးငွေ တောင်းခံလျက်ရှိသည့် အထုပ်ဆွဲသူများနှင့် တက္ကစီ ယာဉ်မောင်းများက ခရီးသည် အတင်းလုယက် ၀ိုင်းဝန်းခေါ်ဆိုမှုများကြောင့် ခရီးသွားပြည်သူများ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အထက်ပါကိစ္စများအတွက် အရေးယူမှုများ ဆောင်ရွက်ခြင်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဖွဲ့ဝင်များ၊ Yangon Aerodrome Co., Ltd. မှ အဖွဲ့ဝင်များ၊ လေကြောင်းရဲတပ်ဖွဲ့ဝင်များဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်၍ ပူးပေါင်းဆောင် ရွက်နေပြီဖြစ်ကြောင်းသိရှိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။