ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပနေသည့် (၇၆) နှစ်မြောက် အာရှနေ၀န်း မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယနေ့နံနက် ၅ နာရီမှ စတင်ပြီး ထေကြီးဝါကြီး ဆရာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်း၍လည်းကောင်း၊ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် ရုပ်ထုအား လွမ်းသူ့ပန်းခွေချ ဂါရ၀ပြု၍လည်းကောင်း စတင်ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမပန်းခြံရှိ ဆရာတော် ရုပ်ထုအား လူပေါင်း သောင်းနှင့်ချီတက်ရောက်ကာ ဂုဏ်ပြု ဦးညွှတ် ဂါရ၀ပြုနေကြပြီ ဖြစ်ကြောင်း အခမ်းအနားသို့ ရောက်ရှိနေသူ နိရဉ္စရာ သတင်းထောက် စံမောင်သန်းက သတင်းပေးပို့သည်။
အလားတူ ကျောက်တော်မြို့တွင်လည်း ကျင်းပနေရာ လူပေါင်း ၃၀၀၀ ကျော် တက်ရောက် ဂါရ၀ပြုနေကြသည်ဟု ကျောက်တော်မှ ကိုဦးမောင်သိန်း သတင်းပေးပို့သည်။
(ယခုဓာတ်ပုံများမှာ စစ်တွေတွင် ယနေ့နံနက်က ကျင်းပနေသည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားမှ ဓာတ်ပုံများ ဖြစ်ကြပြီး နိရဉ္စရာ သတင်းဌာနမှ စံမောင်သန်း မှ ရိုက်ယူ တင်ပြထားခြင်းဖြစ်ပါသည်။)
____Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။