ဗီဒီယိုအကြို ခံစားခြင်း - သံယောဇဉ် မင်းသား



- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

နေလင်းထက်တို့ မိသားစုက မိသားစုဝင်လေးဦးရှိပါတယ်။ နေလင်းထက်က အနေအေးပေမယ့် သူ့အမေကတော့ အရမ်းကို ရည်မှန်းချက်ကြီးကြီးထားတတ်သူပါ။ အဲဒါကြောင့် နေလင်းထက် အင်ဂျင်နီယာဘွဲ့ရထားပေမယ့် ဘာအလုပ်မှ မခိုင်းဘဲ ကိုယ်ပိုင်လုပ်ငန်းကြီး ထူထောင်ဖို့ သူ့အမေက ရည်ရွယ်ထားပါတယ်။ နေလင်းထက်ရဲ့အမေ ဘယ်လောက်စိတ်ကြီးဝင်နေလဲဆိုရင် သူတို့နဲ့ အရင်ကတည်းက ပေါင်းလာတဲ့ ဘေးအိမ်က မိသားစုနဲ့တောင် အဆင်မပြေတဲ့အထိပါ။

အဲဒီဘေးအိမ်မှာလည်း နေလင်းထက်အမေစိတ်ပူစရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အဲဒီအိမ်မှာရှိတဲ့ မြခွန်းဆင့်ကြောင့်ပါ။ မြခွန်းဆင့်က နေလင်းထက်ကို တစ်ဖက်သတ်စိတ်ဝင်စားနေတာမို့ သူ့အမေက စိတ်ပူနေတာပါ။ နေလင်းထက်ကို သူ့အမေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်သမီးနဲ့ သဘောတူနေတာပါ။ အဲဒီ ကောင်မလေးက နိုင်ငံခြားကနေ ပြန်ရောက်လာတာမကြာသေးပါဘူး။ နိုင်ငံခြားပြန်ဆိုတဲ့ အချက်နဲ့ သူ့အမေရဲ့ ချမ်းသာကြွယ်ဝမှုတွေက နေလင်းထက်အမေအတွက် သဘောကျစေတဲ့အချက်တွေပါ။ အဲဒီကောင်မလေးရဲ့ နာ မည်က ဂရေ့စ်ပါ။ နေလင်းထက်ကတော့ သူ့အမေရဲ့ စည်းကမ်းအောက်မှာပဲ အမြဲနေရလေ့ရှိပါတယ်။ ဂရေ့စ် နဲ့လည်း နီးနီးကပ်ကပ်နေစေချင် ပါတယ်။ အဲဒါကြောင့် ဂရေ့စ်တို့ သားအမိကို သူတို့အိမ်ကိုဖိတ်ပြီး မုန့်တွေချက်ကျွေးလေ့ရှိပါတယ်။ တကယ်တော့ ဂရေ့စ်က နိုင်ငံခြားကပြန်လာတဲ့သူပီပီ ဆိုရှယ်ကျကျ နေတတ်ပါတယ်။ နောက်ပြီး သူ ငယ်ချင်းတွေနဲ့လည်း ညဆိုရင် ကလပ်တတ်လေ့ရှိပါတယ်။ အဲဒီ အချိန်မှာပဲ နေလင်းထက်ဆီကို ပန်းနုရောင်ဆိုတဲ့ ကောင်မလေး တစ်ယောက်ဖုန်းဆက်လာခဲ့ပါ တယ်။ နေလင်းထက်က အဲဒီ ကောင်မလေးကို မသိပေမယ့် အဲဒီကောင်မလေးကတော့ နေလင်း ထက်ကို သိသိသာသာကြီးကို အ ရောဝင်နေခဲ့ပါတယ်။

တစ်ရက်မှာလည်း ဂရေ့စ် တို့ သားအမိအိမ်ကိုလာလည်တဲ့ အချိန် ခြံထဲကို လှည့်ပြခိုင်းခဲ့ပါ တယ်။ အဲဒီမှာပဲ မြခွန်းဆင့်က နေ လင်းထက်နဲ့ ဂရေ့စ်တို့နှစ်ယောက်ကို မြင်ခဲ့ပါတယ်။ အမေရဲ့ စကားကို အမြဲနားထောင်ပြီး တစ်သဝေမ တိမ်းလုပ်တတ်တဲ့ နေလင်းထက် အချစ်စစ်ကိုရှာတွေ့မှာလား၊ နေ လင်းထက်ကို ဖုန်းဆက်နေတဲ့ ပန်း နုရောင်ဆိုတဲ့ ကောင်မလေးက ကော ဘယ်သူလဲ၊ နေထိုင်မှုချင်း မတူတဲ့  ဂရေ့စ်နဲကော  အဆင်ပြေနိုင်မလားဆိုတာတွေကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ သံယောဇဉ်မင်းသားဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

 ဒီဇာတ်ကားမှာ နေလင်း ထက်အဖြစ် နေတိုး၊ မြခွန်းဆင့် အဖြစ် သင်ဇာဝင့်ကျော်နဲ့ ဂရေ့စ် အဖြစ် မေတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရှင်မြတ်နိုးရဲ့ ၀တ္ထု ကို ကိုကျော် ဇာတ်ညွှန်းရေးပေး ထားပြီး ဒါရိုက်တာ ကျော်ဇော လင်း (အတွေးပုံရိပ်)က ရိုက်ကူး ပုံဖော်ထားပါတယ်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။