မြောက်ဦးတွင် သံဃာတပါး မိမိကိုယ်ကို အဆုံးစီရင်ဟုဆို

မြောက်ဦး , ရခိုင် , ဘာသာရေး , အဓိက ရုဏ်း , လူမျိုးရေး , ဗုဒ္ဓဘာသာ , အစ္စလမ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ၀သဲရပ်ကွက်ရှိ တက္ကသီလ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာဦးခန္တီစာရ စက်တင် ဘာလ ၂၁ ရက်နေ့က လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူခြင်းသည် လတ်တလော စစ်ဆေးချက်များအရ မိမိကိုယ်ကို အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း မြောက်ဦးမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဘစံက ဧရာဝတီသို့ပြောသည်။

သက်တော် ၆၇ နှစ်၊ ၀ါတော် ၁၄ ၀ါရှိ  ဆရာတော် ဦးခန္တီစာရသည် တက္ကသီလ တောရ ကျောင်းတိုက်တွင် တပါးတည်း သီတင်းသုံးနေထိုင်ရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူခြင်း ဖြစ်ကြောင်း၊ ဆရာတော် ပျံလွန်တော်မူခြင်းကို ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲအုပ် ဘစံက ရှင်းပြသည်။
“ဆရာတော် တပါးသေဆုံးတာကတော့ ဟုတ်ပါတယ်။ ဘာကြောင့်သေတယ် ဆိုတာကတော့ ဆရာတော်ဟာ တဦး တည်းနေတာ ဖြစ်တယ်လို့သိရတယ်၊ ဆရာတော် နေခဲ့စဉ်ကလည်း ကျောင်းတံခါးကို အမြဲပိတ်ပြီးနေခဲ့တယ်။ တစုံ တယောက် ၀င်တာ မရှိဘူးလို့ သိရတယ်။ ဘေးနားမှာတွေ့ရတာက ဟင်းသီးဟင်းရွက်တွေကို လှီးတဲ့ ဓားတချောင်း တွေ့ရ တယ် ။ တခြား လူသတ်တဲ့ အခြေအနေ မတွေ့ရဘူး။ ကိုယ့်ဟာကိုယ် သတ်သေတယ်လို့ပဲ ယူဆပါတယ်။ အသေးစိတ် ကိုတော့ စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ဒုရဲအုပ် ဘစံက ဆိုသည်။

ဆရာတော်ဦးခန္တီစာရ သေဆုံးမှုသည် ရွေးကောက်ပွဲနီးကပ်လာချိန် ရခိုင်ပြည်နယ်တွင် လူမျိုးရေးနှင့်ဘာသာရေး အဓိကရုဏ်း ထပ်မံဖြစ်ပေါ်စေရန် တင်းမာမှုတခု ဖြစ်ပေါ်လာမည်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများအကြား စိုးရိမ်မှု များ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
မြောက်ဦးမြို့နယ်တွင် နေထိုင်သော ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က“ဆရာတော် က ကျနော်အိမ်ရှေ့ အမြဲ ဆွမ်းခံ ကြွနေတာပါ။ သိက္ခာတော်လည်း ရှိပါတယ်။ ဘာကြောင့်သေတယ် ဆိုတာ ကိုတော့ ဒေသမှာ သို့လော သို့လော ဖြစ်နေတယ်။ တချို့ကလည်း ကိုယ့်ဟာကိုယ် သတ်သေတယ်။ တချို့ ကလည်း လုပ်ကြံခံရတယ် ဆိုပြိးတော့ ပြောနေကြပါတယ် ။ မြို့ပေါ်က ဆရာတော်တွေလည်း အဲဒီကိစ္စအတွက် စည်းဝေး နေကြတယ်” ဟု ပြောသည်။

သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက စက်တင်ဘာလ ၂၁ ရက်နေ့ညပိုင်း သူ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင်း ယင်း ဆရာတော် သေဆုံးမှုနှင့်ပတ်သက်၍ ဖော်ပြခဲ့ပြီး ပဋိပက္ခမဖြစ်စေရန်နှင့် ကောလာဟလ များ ထိန်းသိမ်းကြရန် ဟု ရေးသား ဖော်ပြခဲ့ရာမှ ယင်းအမှုကို ပြည်သူအများစု စိတ်ဝင်စားလာကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရမှုမှ အစပြု၍ ဘာသာရေးနှင့်လူမျိုးရေး အဓိကရုဏ်း များစတင်ဖြစ်ပွားခဲ့ပြီး ယင်းအဓိကရုဏ်းများသည် နိုင်ငံတ၀န်းပျံ့နှံ့သွားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာရသည်အထိ အခြေ အနေဆိုးရွားခဲ့သည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။