စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၃ နာရီကျော်တွင် ဆေးရုံအုပ်ကြီး အပါအ၀င် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သူနာပြု ၂၀၀ နီးပါးခန့်သည်အချက်လေးချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၁။ သူနာပြုနှင့် သူနာပြုဆရာမအား ကိုယ်ထိလက်ရောက် စော်ကားခဲ့မှုအပေါ် ထိရောက်စွာ အရေးယူပေးရန်၊
၂။အထက်အရာရှိများ အနေဖြင့် ကျောသားရင်သား မခွဲခြားဘဲ တန်းတူဆက်ဆံရန်၊
၃။ သူနာပြုများကို သူနာပြုနှင့် မသက်ဆိုင်သော အလုပ်များ မလုပ်စေဘဲ သက်ဆိုင်သော အလုပ်များကိုသာ လုပ်ကိုင်ခွင့်ပြုရန်နှင့်၊
၎။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သူနာပြုများ၏ စည်းကမ်းစည်းမျဉ်း၊ တာဝန်ယူမှုများကို နိုင်ငံတကာအတိုင်း လွတ်လပ်သော Professional အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးရန် တို့ကိုလည်း သက်ဆိုင်သူများသို့ တိုက်ရိုက်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
စစ်တွေဆေးရုံမှ သူနာပြုများနှင့် သူနာပြု ဆရာမများသည် စက်တင်ဘာ ၂၃ ရက်တွင် အလုပ်မဆင်းဘဲ ကော်ရစ်တာပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးသို့ အချက်လေးချက်ကို တိုက်ရိုက်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်က စစ်တွေဆေးရုံ ကလေးဆောင်တွင် တာဝန်ကျနေသော လက်ထောက်ဆရာဝန် တစ်ဦးက သူနာပြုနှင့် သူနာပြု ဆရာမ နှစ်ဦးတို့အား ကိုယ်ထိလက်ရောက် စော်ကားမှု၊ ဆဲမှုဆိုများအပေါ် ဆေးရုံအုပ်ကြီးအား တင်ပြခဲ့သော်လည်း ဆေးရုံအုပ်ကြီး အနေဖြင့် ဘက်လိုက်မှု ရှိခဲ့ကြောင်းနှင့် ယင်းအပေါ် သူနာပြုများ အနေဖြင့် လုံးဝ ကျေနပ်မှု မရှိကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ထိုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သူနာပြု ဆရာမများက ပြောကြားသည်။
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။