ရခိုင်ပြည်နယ် မြောက် ဦးမြို့ တက္ကသီလ ဘုန်းကြီး ကျောင်းမှ ဖြစ်စဉ်ကို
ဥပဒေနှင့် အညီ ရဲတပ်ဖွဲ့က ထိထိရောက် ရောက် စုံစမ်းဖော်ထုတ်နိုင်ရန်
တာဝန်ရှိသူများက အလေးထား ဆောင်ရွက်နေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်။
မြောက်ဦးမြို့ ၀သဲရပ်ကွက် ရှိ တက္ကသီလ ဘုန်းကြီးကျောင်းမှ သက်တော် (၅၆)နှစ်ရှိ ရဟန်းတစ်ပါး စက်တင်ဘာ ၂၁ ရက်က ကျောင်းဝင်းအတွင်း၌ အသတ်ခံရပြီး ပျံလွန်တော်မူနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရဟန်းမှာ တက္ကသီ လဘုန်းကြီးကျောင်းမှ ဦးခန္တီစာရ ဖြစ်ပြီး လည်ပင်းတွင် ပြတ်ရှဓား ဒဏ်ရာဖြင့် ပျံလွန်နေသည်ကို တွေ့ရပြီး အသတ်ခံရမှုနှင့်ပတ် သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
‘‘လည်ပင်းမှာ ဓားဒဏ်ရာနဲ့ တွေ့ရပါတယ်။ ဆရာတော်ရဲ့ ဘေးနားမှာ လက်ကိုင်ဖုန်းတစ် လုံးနဲ့ ဓားတစ်ချောင်းကိုလည်း တွေ့ခဲ့ရပါတယ်။ ပြစ်မှုကျူးလွန် တဲ့သူကိုတော့ အမြန်ဆုံးဖော် ထုတ်ဖို့ ဆောင်ရွက်နေပါတယ်’’ ဟု အထက်ပါ ရဲအရာရှိက ဆို သည်။ အဆိုပါရဟန်းပျံလွန်ခြင်း နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်း စစ်ဆေးနေပြီး အတိအကျမပြော ကြားနိုင်သေးကြောင်း၊ နိုင်ငံအ တွက် အရေးကြီးသောရွေးကောက် ပွဲနီးကပ်လာချိန်တွင် ဥပဒေနှင့် အညီ ထိထိရောက်ရောက် စုံစမ်း ရှာဖွေဖော်ထုတ်နိုင်ရန် အလေး ပေးဆောင်ရွက်နေကြောင်း၊ ကောလာဟလများ မဖြန့်ဖြူးရန် နှင့် စိတ်အေးအေးထားရန် သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသား ထားသည်။ ‘‘ဆရာတော်က တကယ့် သိက္ခာအပြည့်နဲ့နေတဲ့ ဘုန်းတော် ကြီးတစ်ပါးပါ။ စိတ်အေးလက် အေးရှိပြီးတော့ ပြဿနာရှိတတ် တဲ့ ပုဂ္ဂိုလ်လည်းမဟုတ်ပါဘူး။ သူ့ကိုယ်သူ လုပ်ကြံဖို့ကလည်း ပျံလွန်သွားတဲ့ ဘုန်းကြီး မိသားစု ဂျန်နရေးရှင်းမှာ စိတ်ပေါ့သွပ်သူ မရှိပါဘူး’’ဟု အဆိုပါ ရဟန်းနှင့် ရင်းနှီးသူ မြောက်ဦးမြို့ ၀သဲရပ် ကွက်နေ ဦးကျော်သိန်းထွန်းက ပြောသည်။
‘‘အမှုမှန်ကို မြန်ဆန်စွာ ဖော်ထုတ် မြန်ဆန်စွာ အရေးယူပေးပါရှင်။ အရေးယူပြီးလျင်မြန် စွာ သတင်းထုတ်ပြန်ပေးပါရန် အကူအညီ တောင်းပါတယ်ရှင် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးက အဓိကပါ’’ဟု စုမြတ်မောင် အ မည်ရှိ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ဦးဇော်ဌေး၏ ဖော်ပြမှုအောက်တွင် မှတ်ချက်ပြုထားသည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။